ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ၂၀၁၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် လိင်ကွဲပြားမှုအပေါ် ကွဲပြားသည့်အမြင် စသည့် သင်တန်းများကို ကျင်းပပြုလုပ်ခဲ့သည် ဟုသိရှိရသည်။
အဆိုပါ သင်တန်းကို ၂၀၁၃ ခုနှစ် ဧပရယ်လ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဧပရယ်လ ၂ ရက်နေ့အထိ ၂ ရက်တာ သင်တန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသော ရွှေ့ပြောင်းအလုပ်သမားများအား လူ့အခွင့်အရေး ဆိုင်ရာ အတွေးအခေါ်၊ အလုပ်သမားသမဂ္ဂ၊ အလုပ်ရှင်အလုပ်သမား အခွင့်အရေး၊ အလုပ်သမားစည်းရုံးရေးဆိုင်ရာများအပြင် ကျား၊ မ ကွဲပြားမှုဆိုင်ရာ အမြင်များကို သင်ကြားပို့ချပေးခဲ့သည်ဟု သိရှိရသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် အခွင့်အရေးဆိုင်ရာသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို ရွှေ့ပြောင်းအလုပ်သမားများ အတွက် ကျင်းပပြုလုပ်ပေးနေလျက်ရှိသည်။

0 comments:
Post a Comment