Wednesday, May 01, 2013

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းသစ် နှစ်ခု ထပ်ဖွင့်မည်

တနင်္သာရီတိုင်း၏ ထိုင်း နယ်စပ်တွင် မောတောင်နှင့် ထီခီး နယ်စပ် ကုန်သွယ်ရေး စခန်း နှစ်ခုကို မေလအတွင်း ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြိတ်ဒေသမှ မောတောင် စခန်းအား မေလ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ထားဝယ်ဒေသရှိ ထီခီး စခန်းကို
မေလ ၁၁ ရက်နေပတွင် ဖွင့်လှစ်မည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒေသတွင်း ကုန်သွယ်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က မဇ္ဈိမကို ပြောသည်။

မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ကို တရားဝင် ဖွင့်ပွဲ မလုပ်သေးဘဲ ကုန်သွယ်ရေး လုပ်ငန်းများကို အရင်ဆုံး စတင်ဆောင်ရွက်မည် ဖြစ်သည်။

“မောတောင်က မြေလမ်းအဆင့်ပဲ ရှိသေးတယ်။ အရေးကြီးဆုံးဖြစ်တဲ့ အခြေခံ အဆောက်အအုံတွေ၊ ရုံးတွေလည်း မဆောက်လုပ်ရသေးရဘူး။ ကုန်သွယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း အခြေခံ အဆောက်အအုံတွေကို
ဖြည့်ဆည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးတေဇအောင်ဝင်း က ပြောသည်။

မောတောင် စခန်းမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၃ နာရီ ခရီးဖြင့် သွားရောက်နိုင်သည်ဟု ဆိုသည်။

“မြိတ်ကနေ မောတောင်ကို လက်ရှိ မြေသားလမ်းအတိုင်း ကားမောင်းသွားရင် ၅ နာရီ ကြာပါတယ်။ မောတောင် စခန်း ဖွင့်လိုက်တဲ့အတွက် ရေထွက်ကုန်တွေကို ဘန်ကောက်ရှိ ငါးဈေးကြီးအရောက် အချိန်တိုတိုနဲ့ တင်ပို့နိုင်ပြီ ဖြစ်ပါတယ်” ဟု မြိတ်မြို့မှ ရေထွက်ကုန် တင်ပို့သူ ဦးလှအောင် က ပြောဆိုသည်။
Credit to မဇ္ဈိမ

1 comments:

လာရောက်လေ့လာသွားပါတယ်ဗျို့.အလည်ပြန်လာမို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ခေါ်ပါတယ်ဗျား
http://thitsan-computer-training.blogspot.com/

Post a Comment