Thursday, May 02, 2013

၁၂၃ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း

 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးစီးကျင်းပသော ၁၂၃ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားအား ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ရူဂျီတာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ သက်ဆိုင်ရာ အဖွဲ့အစည်းအသီသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
 
အဆိုပါ အခမ်းအနားတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ယာယီတာဝန်ခံဖြစ်သူ ကိုထွေးနိုင်မှ မေဒေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် နောက်ခံသမိုင်းကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥာဏ်စမ်းပဟေဌိ အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
 

0 comments:

Post a Comment