Thursday, July 25, 2013

ပဲခူးမြို့ ထိပ်တန်းမြန်မာစက်ရုံတွင် အလုပ်သမားများ လိုအပ်ချက်တောင်းဆို


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၇)၊ ဒက္ခိနသာခာ ဘုရားလမ်းရှိ ထိပ်တန်း မြန်မာစက်ရုံတွင်(၂၄.၇.၂၀၁၃)နေ့ နံနက်(၉း၀၀)အချိန်ခန့်က စက်ရုံ အလုပ်သမား(၄၀)ခန့်မှ လုပ်အားခနည်းခြင်းအား တိုးပေးရန်တောင်း ဆိုထားမှုကို သက်ဆိုင်ရာမှ မပြုလုပ်ပေးသည့် အတွက် လယ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်ပေးသူ ဦးအောင်မျိုးဝင်းအား တိုင်းကြား ခေါ်ဆောင်ပြီး မိမိတို့ လိုအပ်ချက်များကို သက်ဆိုင်ရာသို့ တင်ပြပေးရန် အကူအညီ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထိပ်တန်းမြန်မာစက်ရုံ(၁)သည် ရန်ကုန်မြို့၊ လိုင်သာယာတွင်ရှိပြီး ပိုင်ရှင်မှာ ဒေါက်တာမင်းမင်းဆိုသူဖြစ်ကြောင်းသိရှိရပြီး ၄င်းမှာ နိုင်ငံခြားသို့ ခရီးလွန်နေကြောင်း သိရှိရသည်။

Thant Zin
Credit ThitHtooLwin

0 comments:

Post a Comment