ရခိုင်ပြည်နယ် မောင်တော အခြေစိုက် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး
ကွပ်ကဲမှု(နစက)ဌာနချုပ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဇူလိုင် ၁၂
ရက်နေ့ မနေ့က ဖျက်သိမ်းလိုက်ပါတယ်။
ဖျက်သိမ်းလိုက်တဲ့ အဲဒီနစက တပ်ဖွဲ့ရဲ့ မောင်တောခရိုင် လုံခြုံရေးလုပ်ငန်းတွေကို မောင်တောအခြေစိုက် ရဲတပ်ရင်းအမှတ် (၂)နဲ့(၃)က အစားထိုး တာဝန်ယူမှာဖြစ်ပြီး၊ အဲဒီရဲတပ်ရင်းတွေကို ကွပ်ကဲဖို့အတွက် အမှတ်(၆) ရဲတပ်ရင်းမှုး ရဲမှုးကြီး ကိုကိုဦးဟာ စစ်တွေမြို့ကနေ မောင်တောမြို့ကို ဒီကနေ့(ဇူလိုင် ၁၃ ) ရက်နေ့ သွားရောက်မယ်လို့ RFA ကသိရပါတယ်။
စစ်တပ်၊ ရဲ၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ ပါဝင်စုစည်းထားတဲ့ အဲဒီ နစက တပ်ဖွဲ့ကို မောင်တော ခရိုင်ရှိ ကျီးကန်းပြင်ဒေသမှာ ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး၊ တပ်မတော် ဗိုလ်မှုးကြီး အဆင့် ရှိသူတစ်ဦးက ကွပ်ကဲရေးမှုးရာထူးရယူကာ ကာကွယ်ရေး ဝန်ကြီးဌာန ၊ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှုးရုံးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပါတယ်။
အဲဒီအဖွဲ့ကို ဘာကြောင့်ခုလိုဖျက်သိမ်းလိုက်တယ်ဆိုတာကိုတော့ သမ္မတရုံးရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားခြင်းမရှိပါဖူး။
Credit RFA

0 comments:
Post a Comment