ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ညောင်ပင် အခွန်လွတ်ဈေးအား၂၀၁၂ခုနှစ်
နိုဝင်ဘာလ (၃၀)ရက်နေ့တွင် မြို့နယ် စည်ပင်မှ အောင်သပြေ အမှတ်(၂)
ဈေးကြီးသို့ ပြောင်းရွှေ့ခိုင်းခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ဆောင်
ပေးမည်ဟု ထုတ်ပြန်ထားသော ဂတိက၀တ်များကို အကောင်အထည် မဖော်သေးသည့်အတွက်
ပြုလုပ်ပေးရန် ယင်းဈေးသည်များက ပြောကြသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်စည်ပင်မှ လမ်းဘေးဈေးသည် ကျူးကျော်အားလုံးနှင့် စာတိုက်ဈေးခေါ် မိုးမလင်းဈေးအား အောင်သပြေ အောင်သပြေ အမှတ်(၂)ဈေးသို့ ပြောင်းရွှေ့ပေးမည်။ အခွန်လျော့ပေါ့ ကောက်ခံပေးမည်။ ကားဂိတ်၊ သုံးဘီးဂိတ်များ ဈေးအနီး ချထားပေးမည်။ ဈေးလုံခြုံရေး အထူးဆောင်ရွက်ပေးမည် အပါအဝင် (၁၁)အား ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
“ရပ်မိရပ်ဖတွေနဲ့ သက်က်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုလို့ကျမတို့ဈေး ရွှေ့ခဲ့တာ ရှစ်လရှိပါပြီ။ အခုအထိ ဘာမှမလုပ်ပေးသေးပါဘူး”ဟု ကုန်ခြောက်သည် တစ်ဦးက ပြောသည်။
ဇူလိုင်လ(၁)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ယင်းကတိကဝတ်များ ဖောက်ဖျက်ခြင်းနှင့် ပတ်သက်၍ ဈေးသည်များမှ စာတင်ခြဲ့ကသည့်အတွက် စည်ပင်ဌာနမှ အစည်းဝေးခေါ်ယူခဲ့သော်လည်း အစည်းဝေးရက်တွင် ဖျက်သိမ်းကြောင်းကို စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။
“၇ လပိုင်း ၆ရက်နေ့ နံနက် ၁၀ နာရီ အစည်းဝေးဆိုပြီး ဖိတ်စာ ရောက်လာလို့သွားတာ ဈေးလည်းရောက်ရော အစည်းဝေး ဖျက်တယ်ဆိုတော့ ပြန်ခဲ့ရတာ။ အစည်းဝေးက အရေးမကြီးပါဘူး။ သူတို့ဂတိပေးထားတာတွေသာ အမြန်ဆုံး လုပ်ပေးဖို့သာ အရေးကြီးပါတယ်။ ဈေးမစည်ရင် ကျွန်မတို့ ဆင်းရဲသား ဈေးသည်တွေ ထမင်းငတ်ကြရလိမ့်မယ်”ဟု အထည်ရောင်းသူဈေးသည်က ပြောသည်။
ကိုကိုနိုင်
Credit The Myanmar Age
၂၀၁၂ခုနှစ် နိုဝင်ဘာလတွင် မြို့နယ်စည်ပင်မှ လမ်းဘေးဈေးသည် ကျူးကျော်အားလုံးနှင့် စာတိုက်ဈေးခေါ် မိုးမလင်းဈေးအား အောင်သပြေ အောင်သပြေ အမှတ်(၂)ဈေးသို့ ပြောင်းရွှေ့ပေးမည်။ အခွန်လျော့ပေါ့ ကောက်ခံပေးမည်။ ကားဂိတ်၊ သုံးဘီးဂိတ်များ ဈေးအနီး ချထားပေးမည်။ ဈေးလုံခြုံရေး အထူးဆောင်ရွက်ပေးမည် အပါအဝင် (၁၁)အား ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
“ရပ်မိရပ်ဖတွေနဲ့ သက်က်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုလိ
ဇူလိုင်လ(၁)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ယင်းကတိကဝတ်များ ဖောက်ဖျက်ခြင်းနှင့် ပတ်သက်၍ ဈေးသည်များမှ စာတင်ခြဲ့ကသည့်အတွက် စည်ပင်ဌာနမှ အစည်းဝေးခေါ်ယူခဲ့သော်လည်း အစည်းဝေးရက်တွင် ဖျက်သိမ်းကြောင်းကို စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။
“၇ လပိုင်း ၆ရက်နေ့ နံနက် ၁၀ နာရီ အစည်းဝေးဆိုပြီး ဖိတ်စာ ရောက်လာလို့သွားတာ ဈေးလည်းရောက်ရော အစည်းဝေး ဖျက်တယ်ဆိုတော့ ပြန်ခဲ့ရတာ။ အစည်းဝေးက အရေးမကြီးပါဘူး။ သူတို့ဂတိပေးထားတာတွေသာ အမြန်ဆုံး လုပ်ပေးဖို့သာ အရေးကြီးပါတယ်။ ဈေးမစည်ရင် ကျွန်မတို့ ဆင်းရဲသား ဈေးသည်တွေ ထမင်းငတ်ကြရလိမ့်မယ်”ဟု အထည်ရောင်းသူဈေးသည်က ပြောသည်။
ကိုကိုနိုင်
Credit The Myanmar Age

0 comments:
Post a Comment