Thursday, July 18, 2013

တောင်သူ ခြောက်သောင်းကျော် လယ်ယာမြေ မှတ်ပုံတင် လက်မှတ် ထုတ်ပေးပြီးဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ ဥပဒေအရ စိုက်ပျိုးမြေများ မှတ်ပုံတင်ခြင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက စတင်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့အထိ တောင်သူ ခြောက်သောင်းကျော် လယ်ယာမြေ မှတ်ပုံတင် ထုတ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

ယင်းသို့ မှတ်ပုံတင် ထုတ်ပေးခြင်းကို လာမည့် ၂၀၁၄ ခုနှစ် မတ်လအထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တောင်သူများ လျှောက်ထားရာတွင် အဆင်ပြေစေရန် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအလိုက် လျှောက်လွှာ ဖြည့်ရာတွင် ကူညီပေးရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

မြေစာရင်းပုံစံ (၇) အရ လယ်ယာမြေ မှတ်ပုံတင် ဆောင်ရွက်ပေးရာတွင် လယ်ယာမြေများက အမွေဆိုင်များနှင့် ပိုင်ဆိုင်မှု အရှုပ်အရှင်းများ ရှိပါက လယ်ယာမြေ လက်မှတ် ထုတ်ပေးနိုင်ရန် အချိန် ကြန့်ကြာကြောင်း ဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

“ကျွန်တော်တို့ လယ်ယာမြေ ပိုင်ဆိုင်မှု လက်မှတ်က ဇူလိုင်လဆန်းက ရတယ်။ လယ်ယာမြေ မှတ်ပုံတင်တာ ကန့်ကွက်ခံရတဲ့ သူတွေကတော့ ခုထိ မရသေးတာ ရှိတယ်” ဟု မြစ်ငယ်မြို့နယ် ညောင်နီပင်ကျေးရွာမှ တောင်သူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် လယ်ယာမြေ မှတ်ပုံတင် ဆောင်ရွက်ပေးရမည့် တောင်သူပေါင်း ကိုးသိန်းကျော်ရှိပြီး ဓားမ ဦးချ ပိုင်ဆိုင်သူ ၁၇ သိန်းကျော်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit The Voice Weekly

0 comments:

Post a Comment