အသစ်ပြဌာန်းလိုက်သည့် အနည်းဆုံး အခကြေးငွေနည်းဥပဒေအရ အစိုးရက
မည်သည့်အလုပ်သမားသည် လုပ်ခလစာ အနည်းဆုံးမည်မျှရသင့်သည်ကို တရားဝင်
သတ်မှတ်ထုတ်ပြန်တော့မည်ဖြစ်ရာ ထိုနှုန်းထားအတိုင်းမပေးသည့် အလုပ်ရှင်ကို
အလုပ်သမားကိုယ်စား အစိုးရအရာရှိက တရားစွဲပေးမည်ဟုလည်း ဥပဒေတွင် ထည့်သွင်း
ပြဌာန်းထားသည်။
အနည်းဆုံး အခကြေးငွေနည်းဥပဒေသည် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကျော် ဇူလိုင် ၁၂ ရက်က လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုနည်းဥပဒေသည် လွန်ခဲ့သည့်လေးလက အတည်ပြုခဲ့သည့် “အနည်းဆုံးအခကြေး ငွေဥပဒေ”၏ နောက်ဆက်တွဲဥပဒေဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် နှစ်နှင့် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာတွင် ပြဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေ ဥပဒေနှစ်ခုရှိခဲ့သော်လည်း ယင်းတို့မှာ ခေတ်မမီတော့သဖြင့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယခုဥပဒေကို ပြန်လည်
အသစ်ပြဌာန်းခြင်းဖြစ်သည်။
လက်ရှိတွင် မည်သည့်အလုပ်သမား အမျိုးအစားသည် လုပ်ခလစာမည်မျှရမည်ကိုမူ အစိုးရအနေဖြင့် မသတ်မှတ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ယင်းနည်းဥပဒေအရ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် နိုင်ငံအဆင့် အမျိုးသားကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုကော်မတီမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းအလိုက် ကော်မတီများ ထပ်ဆင့်ခွဲ၍ ဖွဲ့ကာ ဒေသအလိုက်၊ အလုပ်အမျိုးအစားအလိုက် လုပ်ခလစာမည်မျှသတ်မှတ်သင့်သည်ကို လေ့လာကြရဦးမည်ဖြစ်သည်။
ထိုသို့လေ့လာရရှိပြီး သတ်မှတ်လိုက်သည့် လုပ်ခလစာနှုန်းထားကို အစိုးရက ထပ်မံအတည်ပြုရဦးမည်။ အတည်ပြုထားသည့် နှုန်းထားကို ပြည်သူများသိနိုင်ရန်နှင့် ကန့်ကွက်ရန် ရက် ၆၀ ကြာ သတင်းစာနှင့် နိုင်ငံတော်ပြန်တမ်းမှတဆင့် ထုတ်ပြန်ရဦးမည်။ ကန့်ကွက်သူရှိပါက ကွင်းဆင်းစစ်ဆေးကာ လုပ်ခလစာနှုန်းထားကို ပြန်ပြင်ကြရဦးမည်ဖြစ်သည်။
အစိုးရ ထိုသို့အဆင့်ဆင့် သုံးသပ်စစ်ဆေးကာ ဆုံးဖြတ်လိုက်သည့်နှုန်းထားကို အလုပ်ရှင်ကမပေးပါက ယခုဥပဒေအရ အသစ်တည်ထောင်မည့် ဦးစီးဌာနက အလုပ်ရှင်ကို ရက် ၃၀ အတွင်းပေးရန် တောင်းပေးမည်ဖြစ်ပြီး ရလျှင် အလုပ်သမားကို လွှဲပေးကာ မရလျှင် အစိုးရအရာရှိက တရားစွဲပေးမည် ဖြစ်သည်။
လုပ်သားများဆန္ဒပြတောင်းဆိုမှုအများအပြားကို
လိုက်လံကူညီခဲ့ဖူးသည့် အလုပ်သမားအခွင့်အရေး ရှေ့နေ ဦးဌေးက “လက်ရှိ
လုပ်ခလစာက နည်းနေတယ်။ ဥပဒေက မသက်ရောက်သေးတဲ့အခါကျတော့ အလုပ်ရှင်တွေက
လုပ်ခလစာတိုးပေးဖို့ကို အကြောင်းပြချက် တစ်ရပ်အနေနဲ့ ငြင်းဆိုနေကြတာပေါ့။
အလုပ်သမားတွေရဲ့ဆန္ဒကတော့ အနည်းဆုံးလုပ်ခလစာကို သုံးထောင်
(တစ်ရက်လျှင်)ရဖို့ တောင်းဆိုထားပါတယ်။ အလုပ်ရှင်တွေက လုပ်ခလစာကို
အချိန်ပိုကြေးပေးရမှာဖြစ်တဲ့အတွ က် အမြဲလျော့ပြထားပါတယ်” ဟု လတ်တလောအခြေအနေကို ရှင်းပြသည်။
နေ့စားဝန်ထမ်းများကိုပေးသည့် လုပ်ခမှာလည်း တစ်ရက်လျှင် ကျပ် ၂၇၀ဝ ထက် လျော့နည်းရန်မသင့်ကြောင်း ရှေ့နေဦးဌေးက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် ယင်လပ်ရှင်နာဝပ်ထရာအစိုးရက မည်သည့်ထိုင်းလုပ်သားမဆို တစ်ရက် ရှစ်နာရီကြာ လုပ်ခအတွက် ဘတ်ငွေ ၃၀ဝ (ကျပ် တစ်သောင်းခန့်) မဖြစ် မနေရ ရမည်ဟု ဥပဒေပြဌာန်းထားသည်။
မြန်မာနိုင်ငံတွင်လည်း ယခင်အနည်းဆုံး လုပ်ခလစာဥပဒေနှစ်ခုရှိခဲ့သော်လည်း ခေတ်နှင့်မလျော်ညီသဖြင့် အသက်မဝင်ခဲ့ပေ။
ယခုဥပဒေသစ်တွင် တစ်နှစ်တစ်ကြိမ် ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်ရှင်က လုပ်ခပေးစွမ်းနိုင်မှု စသည့် စံနှုန်း ကိုးခုပေါ်မူတည်ကာ သုံးသပ်စစ်ဆေးကြပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် လုပ်ခ လစာနှုန်းထား ပြန်ပြင်ရန် သင့်မသင့် အစိုးရက ဆုံးဖြတ်ကြမည်ဖြစ်သည်။
Credit Mizzima News
အနည်းဆုံး အခကြေးငွေနည်းဥပဒေသည် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကျော် ဇူလိုင် ၁၂ ရက်က လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုနည်းဥပဒေသည် လွန်ခဲ့သည့်လေးလက အတည်ပြုခဲ့သည့် “အနည်းဆုံးအခကြေး ငွေဥပဒေ”၏ နောက်ဆက်တွဲဥပဒေဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် နှစ်နှင့် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာတွင် ပြဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေ ဥပဒေနှစ်ခုရှိခဲ့သော်လည်း ယင်းတို့မှာ ခေတ်မမီတော့သဖြင့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယခုဥပဒေကို ပြန်လည်
အသစ်ပြဌာန်းခြင်းဖြစ်သည်။
လက်ရှိတွင် မည်သည့်အလုပ်သမား အမျိုးအစားသည် လုပ်ခလစာမည်မျှရမည်ကိုမူ အစိုးရအနေဖြင့် မသတ်မှတ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ယင်းနည်းဥပဒေအရ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် နိုင်ငံအဆင့် အမျိုးသားကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုကော်မတီမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းအလိုက် ကော်မတီများ ထပ်ဆင့်ခွဲ၍ ဖွဲ့ကာ ဒေသအလိုက်၊ အလုပ်အမျိုးအစားအလိုက် လုပ်ခလစာမည်မျှသတ်မှတ်သင့်သည်ကိ
ထိုသို့လေ့လာရရှိပြီး သတ်မှတ်လိုက်သည့် လုပ်ခလစာနှုန်းထားကို အစိုးရက ထပ်မံအတည်ပြုရဦးမည်။ အတည်ပြုထားသည့် နှုန်းထားကို ပြည်သူများသိနိုင်ရန်နှင့် ကန့်ကွက်ရန် ရက် ၆၀ ကြာ သတင်းစာနှင့် နိုင်ငံတော်ပြန်တမ်းမှတဆင့် ထုတ်ပြန်ရဦးမည်။ ကန့်ကွက်သူရှိပါက ကွင်းဆင်းစစ်ဆေးကာ လုပ်ခလစာနှုန်းထားကို ပြန်ပြင်ကြရဦးမည်ဖြစ်သည်။
အစိုးရ ထိုသို့အဆင့်ဆင့် သုံးသပ်စစ်ဆေးကာ ဆုံးဖြတ်လိုက်သည့်နှုန်းထားကို အလုပ်ရှင်ကမပေးပါက ယခုဥပဒေအရ အသစ်တည်ထောင်မည့် ဦးစီးဌာနက အလုပ်ရှင်ကို ရက် ၃၀ အတွင်းပေးရန် တောင်းပေးမည်ဖြစ်ပြီး ရလျှင် အလုပ်သမားကို လွှဲပေးကာ မရလျှင် အစိုးရအရာရှိက တရားစွဲပေးမည် ဖြစ်သည်။
လုပ်သားများဆန္ဒပြတောင်းဆိုမှုအမျ
နေ့စားဝန်ထမ်းများကိုပေးသည့် လုပ်ခမှာလည်း တစ်ရက်လျှင် ကျပ် ၂၇၀ဝ ထက် လျော့နည်းရန်မသင့်ကြောင်း ရှေ့နေဦးဌေးက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် ယင်လပ်ရှင်နာဝပ်ထရာအစိုးရက မည်သည့်ထိုင်းလုပ်သားမဆို တစ်ရက် ရှစ်နာရီကြာ လုပ်ခအတွက် ဘတ်ငွေ ၃၀ဝ (ကျပ် တစ်သောင်းခန့်) မဖြစ် မနေရ ရမည်ဟု ဥပဒေပြဌာန်းထားသည်။
မြန်မာနိုင်ငံတွင်လည်း ယခင်အနည်းဆုံး လုပ်ခလစာဥပဒေနှစ်ခုရှိခဲ့သော်လည
ယခုဥပဒေသစ်တွင် တစ်နှစ်တစ်ကြိမ် ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်ရှင်က လုပ်ခပေးစွမ်းနိုင်မှု စသည့် စံနှုန်း ကိုးခုပေါ်မူတည်ကာ သုံးသပ်စစ်ဆေးကြပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် လုပ်ခ လစာနှုန်းထား ပြန်ပြင်ရန် သင့်မသင့် အစိုးရက ဆုံးဖြတ်ကြမည်ဖြစ်သည်။
Credit Mizzima News
0 comments:
Post a Comment