နှစ်ပေါင်း ၇ဝ နီးပါး အစိုးရသို့အ ငှားချထားပေးသော ဗန္ဓုလတံတားအ ဆင်းမှ ကမ်းနားအထိ မြေနေရာများကို ပြန် လည်ရယူ လိုကြောင်း မြေပိုင်ရှင်များ က ပြောသည်။
မြေပိုင်ရှင်များမှ ပြန်လည်ရယူလို မှုနှင့် ပတ်သက်၍ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ စာနယ်ဇင်းရှင်းခဲ့သည်။
ထိုမြေကွက်များသည် နှစ် ၉ဝ ခန့် ဂရန်မြေများဖြစ်ပြီး ၁၉၄၇ ခုနှစ်မှ စတင်၍ စစ်ထောက်ချုပ်ရုံးသို့ အငှားချ ထားပေးခဲ့ခြင်း ဖြစ်ကာ ၁၉၉၂ ခုနှစ် အထိ ၃ လလျှင် မြေငှားရမ်းခ ၁၄ ကျပ် မှ ၂ဝ ကျပ်ဝန်းကျင် အထိ ရရှိခဲ့သည် ဟု မြေကွက်ရှင်အချို့ထံမှ သိရသည်။
လက်ရှိအချိန်တွင် မြေငှားရမ်းခ ရရှိမှု မရှိတော့သည့် အပြင် ဂရန်သက် တမ်းကုန်များရှိသကဲ့သို့ နှစ် ၉ဝ ဂရန် သက်တမ်းလက်ကျန်မြေများလည်း ရှိ ကြောင်း သို့သော် မြေပိုင်ရှင်များအနေ ဖြင့် မြေအသုံးချခွင့် မရဘဲ ကုမ္ပဏီများ ကဆောက်လုပ်ရေးလုပ်ငန်းများ လုပ် ကိုင်နေမှုများရှိနေသည် ဟု မြေပိုင်ရှင် ဦးမြင့်အောင်က ပြောသည်။
မြေကွက်များကို အင်္ဂလိပ်အစိုးရ လက်ထက် ၁၉၂ဝ ကျော်မှ နှစ် ၉ဝ စာ ချုပ်ဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ သက် တမ်းလက်ကျန် ကျန်ရှိသူများ လည်း ရှိ သည်ဟု ရှင်းလင်းပွဲမှ သိရသည်။
ဗန္ဓုလတံတားအဆင်းမှ ကမ်းနား လမ်းအထိ မြေများအတွင်းရှိ မြေကွက် တစ်ကွက်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကမူ ၄င်းပြန်လည်ရယူလိုမှုသည် ဘိုးဘွားပိုင် မြေဖြစ်ပြီး ၁၉၂၅ ခုနှစ်တွင် ရူပီး ၂ဝဝဝ ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ရာ ဂရန်သက်တမ်း ပြည့်ရန် ၂ နှစ်လိုနေသေးသည်ဟု ပြောသည်။
ဂရန်သက်တမ်း ပြည့်သူများအနေ ဖြင့်လည်း သက်တမ်းတိုး ထပ်မံလျှောက် ထားလိုကြောင်း ရှင်းလင်းပွဲမှ သိရ သည်။ ”နိုင်ငံတော်က သိမ်းဆည်း တယ် ဆိုပြီးလည်း ကျွန်တော်တို့ဆီ အကြောင်း ကြားစာမလာပါဘူး” ဟု ဦးမြင့်အောင် က ဆက်ပြောသည်။
ယင်းအပြင် ထိုနေရာများတွင်နိုင်ငံ တော်စီမံကိန်းပြုလုပ်နေခြင်း မဟုတ်ဘဲ ဈေးဝယ်စင်တာအပါအဝင် ကန်ထရိုက် တိုက်များ ဆောက်လုပ်ေ နခြင်းသာဖြစ် သည်ဟု မြေပိုင်ရှင်များက ပြောသည်။
၎င်းတို့အနေဖြင့် မြေကွက်ပြန် လည်ရယူလိုမှုအတွက် အမျိုးသား လွှတ် တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီ ရုံးသို့ တိုင်ကြားသော်လည်း အဖြေပြန်လည် ရခဲ့ခြင်းမရှိကြောင်း၊ ယင်းအပြင် မြေ ကွက်ပိုင်ရှင်များက မြေကွက်များကို တရားဝင်ရောင်းချ သွားမည် ဟု နိုင်ငံ ပိုင်သတင်းစာတွင် ကြေညာခဲ့သော် လည်း ကန့်ကွက်သူမရှိကြောင်းနှင့် ၄င်း တို့လက်ထဲတွင် မြေဂရန်များ ရှိကြောင်း မြေပိုင် ရှင်များက ပြောသည်။
ဗန္ဓုလတံတားအဆင်းမှ ကမ်းနား တစ်လျှောက် အထိ မြေများတွင် မြေ ပိုင်ရှင် ၇၁၃ ဦးရှိကြောင်း သိရသည်။
ဝေမာထွန်း
Credit Popular Myanmar News Journal









0 comments:
Post a Comment