Friday, July 19, 2013

နန်းထိုက်တော်ဝင်စားသောက်ဆိုက်ပိုင်ရှင်က unity journal ကိုတရားစွဲရန်ပြင်ဆင်

ယူနတီဂျာနယ်အတွဲ၂၊ အမှတ်၂၇အချပ်ပိုAတွင် ဖော်ပြပါရှိသော “နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက်လင်းအား ကျင့်၅၉အရ ကြိုးတုတ်ဖမ်းဆီးပြီး နီးစပ်ရာရဲစခန်းသို့ပို့မည်”ဟူသော သတင်းနှင့် ပတ်သတ်၍unity journal နှင့် အဆိုပါသတင်းကို ရေးသားသော သတင်းထောက်ချုပ်ကို ပြန်လည် ဖြေရှင်းပေးရန် တောင်းဆိုမည်ဖြစ်ပြီး မဖြေရှင်းပေးပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ကြေညာချက်အရ သိရသည်။

အဆိုပါ ဦးအိုက်လင်း၏ အသိပေး ကြေငြာစာကို မြ၀တီသငတင်းစာ၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစများတွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအိုက်လင်း၏ကြေညာချက်တွင် “ ကျွန်တော် ဦးအိုက်လင်းသည် ရဲအရေးပိုင်သော အာမခံပေးခွင့် မရှိသော ပြစ်မှုတစုံတရာကို အများပြည်သူရှေ့မှောက်တွင် ကျူးလွန်နေသူ မဟုတ်သည့်အပြင် ပြစမှုကျူးလွန်ကြောင်း ကြေညာခံထားရသူလည်း မဟုတ်ပါသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၉ အရ အရပ်သားက ကျွန်တော်ဦးအိုက်လင်းအပေါ် ကြိုးတုတ်ဖမ်းဆီးပိုင်ခွင့် မရှိသည်ကို လူကြီးမင်းတို့ကောင်းစွာ သိရှိမည်ဖြစ်ပါသည်” ဟု ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ “လူကြီးမင်းတို့၏ သတင်းဂျာနယ်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်ပြီး မမှန်မကန် ရေးသားဖော်ပြခဲ့သည့် ကျွန်တော်ဦးအိုက်လင်း၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အပြင် ရာဇ၀တ်မကင်းသော ခြောက်လှန့်မှုလည်း ဖြစ်စေပါသည်။ ထို့ပြင် လူကြီ
းမင်းတို့၏ သတင်းဂျာနယ်တွင် ယခုဖော်ပြမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့တွင် လူအုပ်စုဖွဲ့ပြီး ဆူပူရမ်းကားမှု အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားမှုဖြစ်ပေါ်စေခဲ့ရပါသည်”ဟု ဖော်ပြပါရှိကြောင်း ဆက်လက်သိရသည်။

Unity Journal မှ ရေးသားထားသော သတင်းစာများတွင် အဆိုပါစကားများသည် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်က ပြောသည်ဟု ပါရှိကြောင်းလည်း သိရသည်။
Credit The Myanmar Age

0 comments:

Post a Comment