အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အတွင်းတွင်
ဆွေးနွေးပါက အရပ်ဘက် အဖွဲ့အစည်းများက လွှတ်တော် အတွင်းသို့ သွားရောက်
လေ့လာရန် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြထားကြောင်း အရပ်ဘက်
အဖွဲ့အစည်းများက ဆိုသည်။
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းကို ဇူလိုင် ၂၇ ရက်က နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ မူကြမ်းအား လွှတ်တော် အတွင်းတွင် ဆွေးနွေးမည်ဆိုပါက မည်သို့ ဆွေးနွေးမည်၊ မည်သူက ပါဝင် ဆွေးနွေးမည်ကို သိရှိလို၍သာ သွားရောက် လေ့လာမည်ဖြစ်ပြီး ယင်းသို့ လေ့လာရန် အတွက် လွှတ်တော် အတွင်းရှိ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြထားကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
အဆိုပါ မူကြမ်းအား လွှတ်တော် အတွင်းတွင် ဆွေးနွေးမည်ဆိုပါက မည်သို့ ဆွေးနွေးမည်၊ မည်သူက ပါဝင် ဆွေးနွေးမည်ကို သိရှိလို၍သာ သွားရောက် လေ့လာမည်ဖြစ်...
အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေမူကြမ်းကို အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိနေပြီး ယခုလ အတွင်းက ၎င်းတို့ ထည့်သွင်းလိုသည့် အကြံပြုချက်များကို ဥပဒေကြမ်းအတွင်း ထည့်သွင်းရေးဆွဲပေးရန် နေပြည်တော်တွင် ပြည်ထဲရေး ၀န်ကြီးဌာန၊ လွှတ်တော်နှစ်ရပ်ပေါင်းမှ ကော်မတီ ကော်မရှင် ကိုယ်စားလှယ် ၈၀ ခန့်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ခဲ့သည်။ ထို့အပြင် အဆိုပါ ဥပဒေကြမ်းသည် အသင်းအဖွဲ့များအား ကန့်သတ်ချုပ်ချယ် ထားသောကြောင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရန်အတွက် အရပ်ဘက် အဖွဲ့အစည်း ၂၈၁ ဖွဲ့က တောင်းဆိုခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲထားသော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီနှင့်လည်း အရပ်ဘက် အဖွဲ့အစည်းများသည် တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိပြီး အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် သီးခြားဥပဒေ အနေနှင့် ပြဋ္ဌာန်းရန် မလိုကြောင်း ကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Credit Eleven Media Group

0 comments:
Post a Comment