
မြို့နယ် တွင် စက်ရုံများရှိခြင်းသည် အလုပ် ရရန် ခက်ခဲသောအချိန်တွင် တစ် ဖက်တစ်လမ်းက ကောင်းသော် လည်း ဝင်ငွေနည်းပါးခြင်းကြောင့် အခက်အခဲများရှိသည်ဟု ဒေသခံ များက ပြောသည်။
''ဒီကလူတွေက ဆိုင်ကယ် ကယ်ရီဆွဲသူရှိသလို အထည် ချုပ်စက်ရုံမှာ လုပ်တဲ့သူတွေလဲ ရှိတယ်။ စက်ရုံမှာလုပ်တာကတော့ လခနည်းတယ်။ ခဏတာစားဝတ် နေရေးလောက်ပဲ ဖြေရှင်းနိုင် တယ်။ အလုပ်ရကြတယ်။ လုပ် သလောက်တော့ မရဘူး။ ပြီးရင် ဘက်လိုက်တာတွေလဲ ရှိသေး တယ်''ဟု ပုလဲမြို့သစ်တွင် နေ ထိုင်သူဦးပေါက်စက ပြောသည်။
အဆိုပါမြို့နယ်၌ အထည် ချုပ်စက်ရုံများရှိပြီး လယ်ယာမြေ အသိမ်းခံရပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ကယ်ရီဆွဲသူနှင့် စက် ရုံတွင် လုပ်ကိုင်သူများလာကြောင်း သိရသည်။
''ကလေးတွေ ကျောင်း တက်ချင်ကြပေယ့် မိဘတွေလဲ မတတ်နိုင်ကြတော့ စက်ရုံတွေမှာ ဝင်လုပ်ကြရတယ်။ အသက်မပြည့် တဲ့ကလေးတွေ ပါတယ်လို့ပြော လိုက်လို့ အလုပ်လက်မဲ့ဖြစ်သွား မှာလဲစိုးရိမ်တယ်။ ဖြစ်ချင်တာက ကျောင်းမတက်နိုင်တဲ့အဆုံး စား နိုင်ဖို့အတွက် အလုပ်တော့လုပ် ကြရမှာပဲ။ ဒါပေမဲ့ လုပ်သလောက် ရဖို့ကလဲ လိုအပ်တယ်''ဟု ယင်း မြို့နယ်မှ လယ်သမားဟောင်း တစ်ဦးက ပြောသည်။
မြတ်မိုးအောင်
Credit Yangon Media Group









0 comments:
Post a Comment