ပျဉ်းမနား သကြားစက်မှ အခြေခံလုပ်သား လစာတိုးမပေးသည့်အပြင်အလုပ်သမား ၁၆၆ ဦးကို
ပိုလျှံဝန်ထမ်းအဖြစ် အလုပ်ဖြုတ်မည်ဆိုခြင်း အပေါ် ဖြေရှင်းပေးရန် နိင်ငံတော်သမ္မတအထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
'အခုလုပ်သားတွေက ဒီနေ့ဖြုတ်မှာလား မဖြုတ်ဘူးလား ဆိုတာ စိုးရိမ်စိတ်နဲ့ပဲ အလုပ်ခွင်ထဲ လာလုပ်နေရတယ်။
ကျွန်တော်တို့ကိုလည်း ဖြုတ်မယ်လို့ ပြောတယ်။ အလုပ်သမား အဖွဲ့အစည်းထဲကို ပါနေလို့ ဆိုပြီး' ဟု ပျဉ်းမနားသကြားစက် အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ ကိုသူရ က ပြောသည်။
ပျဉ်းမနားသကြားစက်ရုံကို ၂ဝ၁၁ ခုနှစ်တွင် ယုဇနကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် နှစ်
၃ဝ ပြောင်းလဲလွှဲယူပြီး၊ စာချုပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများကို ဆက်လက်ခန့်ထားရေးနှင့် ဝန်ထမ်းများ၏ မူရင်းလစာကို
အစိုးရ၏ လစာနှုန်းထားထက် မနည်းပေးဆောင်ရမည် စသည်ဖြင့် ပါရှိထားသော်လည်း လက်ရှိအချိန် အထိ ဝန်ထမ်းများ၏ လစာကို တိုးမပေးသည့်အပြင်
တိုးပေးရန် တောင်းဆိုသည့်အတွက် ဝန်ထမ်း ၅၆၆ဦးရှိသည့်အနက် ၁၆၆ ဦးကို ပိုလျှံအဖြစ် ဖြုတ်ထားရန် စာတင်ထား ကြောင်း သိရသည်။
ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ၈၈ မျိုးဆက်အလုပ်သမားအရေးရာဌာနမှ တစ်ဆင့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာတင်၍ တောင်းဆိုထားပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးနိုင်ရန် ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Credit Popular Myanmar News Journal
0 comments:
Post a Comment