ဧရာဝတီတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ အပူပိုင်း ဒေသများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ရှိ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး သမားများအတွက် သြစတြေးလျ ဓနသဟာယနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သြစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဌာန (ACIAR)တို့သည် ယခုလအတွင်း လက်မှတ်ရေးထိုး သွားမည်ဖြစ်ပြီး လက်မှတ်ရေးထိုး ပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ကာလအတွင်း စိုက်ပျိုးရေးသမား၊ လယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် နည်းပညာများကို အဓိကပံ့ပိုး ပေးမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်မည့် သုတေသန လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း . . . . .ယင်းလုပ် ငန်း များ အတွက် နည်းပညာဆိုင်ရာ အကူအညီများကို သြစတြေးလျ အပြည်ပြည် ဆိုင် ရာ စိုက်ပျိုးရေး သုတေသနဌာန (ACIAR)နှင့် သြစတြေးလျနိုင်ငံ အထောက်အပံ့ပေးရေး အဖွဲ့အစည်း (Aus AID) အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကာ ကဏ္ဍတစ်ခုစီအတွက် စီမံကိန်းကာလမှာ လေးနှစ်ကြာမြင့် မည်ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာခြောက်သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ကာလအတွင်း စိုက်ပျိုးရေးသမား၊ လယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် နည်းပညာများကို အဓိကပံ့ပိုး ပေးမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်မည့် သုတေသန လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်မည့် သူများအား နည်းပညာဆိုင်ရာ သင်တန်းများပေးပြီး ယင်းတို့အနက် ထူးချွန်သူများအား သြစတြေးလျနိုင်ငံသို့ ခေါ်ဆောင်၍ Diploma နှင့် Ph.D သင်တန်းများ ဆက်လက်သင်ကြားပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
သြစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဌာန (ACIAR) သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် ပတ်သက်သည့်ကဏ္ဍ၊ သားငါးမွေးမြူရေး ကဏ္ဍများ၊ တိရစ္ဆာန်အစာနှင့် ပြုစုစောင့်ရှောက်ရေး ကဏ္ဍများ၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးနှင့် ပတ်သက်သည့် ကဏ္ဍများ စသည်တို့ကို နည်းပညာပိုင်း ဆိုင်ရာများကို ပံ့ပိုးပေးလျက်ရှိပြီး သုတေသန လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Credit Eleven Media Group

0 comments:
Post a Comment