Monday, August 12, 2013

တပိုင်တနိုင် ကျောက်စိမ်းတူးခွင့် ဥပဒေပြဌာန်းပေးဖို့ ဒုတိယသမ္မတကိုပြော

ကချင်ပြည်နယ် ဒေသခံတွေက တပိုင်တနိုင် ကျောက်စိမ်း တူးဖေါ်ခွင့် ဥပဒေ ပြဌာန်းပေးဖို့ နဲ့ မြစ်ကြီးနား- မိုးကောင်း- ဖားကန့်လမ်းကို ပြုပြင်ထိန်းသိမ်းပေးဖို့ ဖားကန့်မြို့ ကိုရောက်ရှိနေတဲ့  ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့ မေတ္တာရပ် တောင်းဆိုကြပါတယ်။
ဖားကန့်မြို့ ဥရုရတနာ ခန်းမမှာ ကျင်းပတဲ့ ဒုတိယသမ္မတ နဲ့ ဒေသခံတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဖားကန့်းမြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးတင်စိုးက RFA ကိုအခုလိုပြောပြပါတယ်။
"ဥရုချောင်းကို ပြန်လည် ဆယ်ယူပေးဖို့ရယ်၊ကျောက်မျက်လုပ်ကွက်တွေကို လူနေအိမ်ခြေ မြို့ရွာတွေနဲ့ နီးစပ်တဲ့ နေရာမှာ မချပေးဖို့၊ဒေသခံ ပြည်သူတွေရဲ့ တစ်ပိုင်တစ်နိုင် ကျောက်မျက် တူးဖော်ခွင့်ကို ကျောက်မျက်ဥပဒေမှာ ပြဌာန်းဖို့ တောင်းဆိုထားတာရှိတယ်"

ဒုတိယသမ္မတ ကလည်း ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့အတွက် အစိုးရ အပါအဝင်၊သက်ဆိုင်ရာကုမ္ပဏီတွေ၊ ဒေသခံတွေနဲ့ ပညာရှင်တွေပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်း လုပ်ကိုင်သွားဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Credit RFA

0 comments:

Post a Comment