Friday, August 09, 2013

ပြန်လည်ချုပ်ဆိုကြေးနီ စာချုပ်သစ်တွင် နိုင်ငံတော်က ၅၁ ရာခိုင်နှုန်းရရှိမှု လက်ပံတောင်းတောင် ဒေသခံများလက်ခံ


လက်ပံတောင်း တောင် ကြေးနီသတ္တုလုပ်ငန်း သဘောတူစာချုပ်ပြင်ဆင်ချုပ် ဆိုရာတွင် နိုင်ငံတော်မှ အကျိုး အမြတ် ၅၁ရာခိုင်နှုန်းရရှိမှုအပေါ် ဒေသခံများက ဝမ်းမြောက်ဝမ်း သာကြိုဆိုကြောင်း ဩဂုတ်၃ရက် ထုတ်ပြန် ကြေညာ လိုက်သည်။ လက်ပံတောင်းတောင် ဒေသခံရွာပေါင်း၂၆ရွာနှင့် စံပယ် တောင်ဒေသခံရွာသုံးရွာတို့ ဝက် မှေးရွာဟောင်း ဘုန်းတော်ကြီး ကျောင်းတွင်ပြုလုပ်သော ကြေးနီ စီမံကိန်းအတွက် ရှေ့ဆက်လုပ် ရမည့်လုပ်ငန်းများ ညှိနှိုင်း ဆွေး နွေးပွဲ၏ သဘောတူကြေညာချက် ရှစ်ရပ်၌ အထက်ပါအချက်ကိုထည့် သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''အကောင်အထည်ဖော် ဆောင်ရေးကော်မတီက ဒေသခံ တွေကို စည်းရုံးရေးဆင်းဖို့ ဖိတ် ခေါ်ပါတယ်။ အောက်ခြေထိရောက် တယ်လို့မထင်ရဘူး။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ကော်မတီ က တကယ်ဖော်ဆောင်သလားဆို တာကို ဆက်လက် တာဝန် ယူ သင့် ပါတယ်''ဟု ဝက်မှေးရွာဟောင်းမှ ဒေသခံတစ်ဦးကပြောသည်။ ယင်းထုတ်ပြန်ချက်တွင် လယ်ယာမြေများ ပြုပြင်ထိန်းသိမ်း ပေးရန်၊ ကံကုန်းရွာကျေးလက်ဆေး ပေးခန်းအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန်၊ မြေယာ လျော် ကြေးများကို ကာလပေါက်ဈေး ထက်သုံးဆပေးရန်၊ ဒေသခံများ နစ်နာဆုံးရှုံးမှုများ မရှိရအောင် လိုအပ်ချက် အခက်အခဲများကို ပြေလည်အောင် ဆောင်ရွက်ပေး ခြင်းမရှိပါက နောက်ဆက်တွဲရလဒ် များသည် အကောင် အထည် ဖော် ရေးကော်မတီ ၏ တာဝန်ဖြစ်ကြောင်း စသဖြင့် တောင်းဆိုအသိပေးထား ကြောင်း သိရသည်။

ကိုသစ္စာ
Credit Yangon Media Group

0 comments:

Post a Comment