မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် မူလတန်းကျောင်း
ဆောက်လုပ်ရန်အတွက် ၁၉၉၁ ခုနှစ်ကတည်းက ယာမြေများကို အလှုရှင်များက
ဝယ်ယူလှုဒါန်းမှု့ဖြင့် ကျေ
င်းဝန်း နယ်နိမိတ် သတ်မှတ် အတည်ပြုပြီး မြို့နယ်ပညာရေးမှုး ရုံးသို့ လွှဲပြောင်း ပေးနိုင်ခဲ့ပါသည်။
ကျောင်းဖြစ်မြောက်ရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက် နေစဉ်၂၀၀၇ ခုနှစ်က ရပ်ကွက်
ဥက္ကဌ ဦးမြင့်မောင်လက်ထက်က ယင်းကျောင်းမြေ ဧရိယာ၂.၆၆ဧကထဲမှ အကျယ် ဧရိယာ တစ်ဝက်ခန့်ကို အကွက်ရိုက် ရောင်းချခြင်း ရပ်ကွက်အုပ်ချုပ်သူ လူတစ်စု ခွဲဝေယူခြင်းများ ပြုလုပ်ခဲ့ပါသည်။
ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့၂၀၀၈ခုနှစ်မှ စတင်၍ အကြိမ်ကြိမ်တိုင်ကြား ခဲ့သော်လည်း ယနေ့ အချိန်အထိ မည်သို့မျှ အရေးယူ ဆောင်ရွက် မပေးပါသည့် အပြင် ထိုကဲ့သို့ အကျင့်ပျက်ချစားသည့် ဦးမြင့်မောင်အား ရပ်ကွက်ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ယခု၂၀၁၃တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး အဖြစ်အတည်ပြု ခဲ့ပါသည်။
ကျောင်းဝန်းနယ်နိမိတ်အတွင်း ကျူးကျော် ဆောက်လုပ်ထားသော အိမ်များအား အမြန်ဆုံး ဖယ်ရှားပေးဖို့ ရပ်ကွက်ပြည်သူများက လိုလား နေကြသော်လည်း ရပ်ကွက်ဥက္ကဌ ဦးမြင့်မောင်မှ ဆန့်ကျင်သော လုပ်ရပ်များကို ဆက်လက် ဆောင်ရွက် နေပါသည်။
လယ်ယာမြေနှင့် အခြားမြေများ မတရား သိမ်းဆည်းခံရမှု့ နေပြည်တော် လွှတ်တော် ကော်မတီသို့
တိုင်ကြားခဲ့ရာ လာရောက် စစ်ဆေးခဲ့သော်လည်း မည်သို့မျှအကြောင်း ပြန်ထူးခြားမှု့ မရှိခဲ့ပါ။
ရပ်ကွက်နေပြည်သူတို့မှ မိမိတို့ ရပ်ကွက်ပိုင် ကျောင်းဝိုင်း မြေပြန်လည်ရရှိရေး အတွက် ဆန္ဒဖေါ်
ထုတ် တောင်းဆိုသွားရန် ပြင်ဆင်နေကြ ပါသည်။
by Myanmar News Now

0 comments:
Post a Comment