Wednesday, September 11, 2013

ထိုင်းအစိုးရအာဏာပိုင်အချို့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်


မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများ၊ ကျန်းမာရေး ပြဿနာများနှင့် မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ လူကုန်ကူးခံရမှုအခြေအနေများကို ထိုင်းအစိုးရအာဏာပိုင်အချို့နှင့် ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့အပါအ၀င် အလုပ်သမားရေးရာဆောင်ရွက်နေသော အဖွဲ့အစည်းများသည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအခြေနဲ့ ပက်သကလို့ အလုပ်သမားကာကွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက “ MOU နှင့်ပတ်သက်ပြီး MOU တခုတည်းနဲ့ လာကြတာမဟုတ်ဘူး၊ အခြားနည်းလမ်းတွေကို သုံးပြီးလာတာရှိတယ်၊ အရင်တုန်းကဆိုရင် အလုပ်သမားတွေက ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်ကိုယ်တိုင် မသိသေးကြဘူး အခုဆိုရင် ပိုပြီးသိလာတယ်လို့ မြင်မိတယ်။ ဒီကို ကျွန်မ ရောက်ကာစက ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့ စည်းတွေ မရှိခဲ့ဘူး။ အခုဆို အဖွဲ့ စည်းတွေရှိလာတယ် အလုပ်သမားတွေကလည် ကိုယ့်အခွင့်အရေးတွေကို သိလာပြီ၊ အလုပ်သမားအခွင့်ရေးတွေကိုသိလာပြီး အလုပ်သမားတွေဘက်က တာဝန်တွေပျက်ကွက်လာတာတွေရှိတယ်၊ စက်ရုံတွေပိတ်ခံရတာတွေလည်ရှိတယ်၊ အလုပ်သမားတွေအတွက် စက်ရုံတွေရှိဖို့ လိုအပ်သလို အလုပ်သမားအခွင့်ရေးတွေလည်း ရှိဖို့လိုအပ်တယ် အလုပ်ရှင်နဲ့ အလုပ်သမားအတူတူလက်တွဲလုပ်ဆောင်မှ အောင်မြင်မှုရရှိမှာပေါ့ ကျမအနေနဲ့ ဝမ်းသာမိတယ်၊ LLC က၀ိုင်းပြီးလုပ်ဆောင်လာတယ်၊ LLC လည်းဥပဒေနားလည်တော့ လွှဲပေးလို့ ရတယ်။ ရှိနေတဲ့အဖွဲ့ စည်းများက အလုပ်သမားတွေကို သူတို့ ရဲ့တာဝန်တွေကို သိအောင်လုပ်ပေးရန်လိုအပ်သလို အတူတူလက်တွဲလုပ်ဆောင်အောင်လုပ်ရန်လည်းလိုအပ်တယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို International Organization for Migration(IOM)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ ၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး၊ အလုပ်သမားရှာဖွေရေးရုံး၊ အလုပ်သမားကာကွယ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မဲဆောက်ဆေးရုံးကြီးမှ တာဝန်ရှိသူများနှင့် IOM၊ ADRA၊ မယ်တော်ဆေးခန်း? ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မဲဆောက်ဒေသတွင်းရှိ အလုပ်သမားရေးရာ ဆောင်ရွက်နေကြသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
YCOWA

0 comments:

Post a Comment