အထက်မြန်မာပြည် လုပ်ငန်းရှင်များကို ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် မန္တလေးမြို့တော်၌ ၂၀၁၄ ခုနှစ် ဧပြီလတွင် ရုံးခွဲဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
မန္တလေးကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ အထက်မြန်မာပြည် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရန်ကုန်မြို့တော်နှင့် နေပြည်တော်ကောင်စီတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားသည်။
“ခုလက်ရှိမှာတော့ ရန်ကုန်နဲ့ နေပြည်တော်မှာ လုပ်ရတာပဲ။ သက်တမ်းတိုးတာ၊ ကုမ္ပဏီ မှတ်ပုံတင်တာ လုပ်ငန်းစဉ်က တစ်ရက်လောက်ပဲ ကြာတာပါ။ ဒါပေမဲ့ အထက်မြန်မာပြည် လုပ်ငန်းရှင်တွေအတွက် မန္တလေးမှာ ရုံးလာဖွင့်တာ ပိုကောင်းပါတယ်” ဟု ၎င်းကဆိုသည်။
Credit The Voice Weekly

0 comments:
Post a Comment