Sunday, September 15, 2013

ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာ့အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်သို့ ကျပ်သန်းငါးထောင် ထုတ်ချေးထား

စက်မှုလုပ်ငန်းများတွင် ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းပေး ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာ့အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB) သို့ ကျပ်သန်းပေါင်း ငါးထောင်ကို အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထား သည်ဟု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

စက်မှုလုပ်ငန်း ချေးငွေများကို ချေးယူလိုသူများက ၎င်းဘဏ်နှင့် ချိတ်ဆက်၍ ချေးယူနိုင်ပြီှးSME လုပ်ငန်းများအတွက် အာမခံလုံလောက်စွာ တင်သွင်းနိုင်မှု ရှိမှသာ ချေးငွေ အလုံအလောက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအနေဖြင့် SME လုပ်ငန်းများအတွက် ချေးငွေဆိုင်ရာ credit issue ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် SME လုပ်ငန်းများ လိုအပ်သည့်ချေးငွေ ရရှိနိုင်ရန်အတွက် ချေးငွေ အာမခံအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဘဏ်များတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား သက်ဆိုင်ရာ ဘဏ်များ၏ ချေးငွေမူဝါဒနှင့် ကိုက်ညီပါက အငှားဝယ်ယူစနစ်ဖြင့် ရရှိနိုင်ကြောင်းလည်း သိရသည်။

နိုင်ငံတော်က ထုခွဲရောင်းချသည့်မြေနှင့် အဆောက်အအုံများ၊ စက်ရုံအလုပ်ရုံများကို ၀ယ်ယူသော တိုင်းရင်းသား လုပ်ငန်းရှင်များက ကျသင့်ငွေ၏ ရာခိုင်နှုန်း ၃၀ ကို တစ်လုံးတည်း ပေးသွင်းပြီးပါက ဘဏ်များက ကျန်ရာခိုင်နှုန်း ၇၀ ကို အထူးကိစ္စအနေဖြင့် တစ်နှစ်လျင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းဖြင့် ချေးငွေ သက်တမ်းငါးနှစ်အထိ ထုတ်ချေးရန်၊ ထုတ်ချေးရာတွင် ကျပ်သန်းတစ်ထောင်အထက် ၀ယ်ယူသူများကိုသာ ထုတ်ချေးရန်၊ ဆိုင်းငံ့ကာလကို အများဆုံး သုံးနှစ်ထက်မပိုစေဘဲ အတိုးနှုန်းမှအပအခြားမည်သည့်ဝန်ဆောင်ခမှ ကောက်ခံခြင်းမပြုရန်၊ ချေးငွေများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ သတ်မှတ်ထားသည့် ဘဏ်စာရင်းသို့ စာရင်းပြောင်းနည်းဖြင့်သာ ပေးသွင်းရမည်ဟု ဘဏ်များကြီးကြပ်ရေးကော်မတီမှ ၂၀၁၀ ပြည့်နှစ်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
Credit Eleven Media Group

0 comments:

Post a Comment