Tuesday, November 05, 2013

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်ရန်အတွက် အလှူခံ ထွက်


 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်ရန်အတွက် အလှူခံ ထွက်

မဲဆောက် နိုဝင်ဘာ ၅ ရက်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နော်ကီဖားကျေးရွာသို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမား စုပေါင်း၍ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စုပေါင်းမဟာဘုံကထိန်ပြုလုပ်ရန်အတွက် အိုးစည်၊ ဒိုးပတ်များဖြင့် လှည့်လည်ကာ အလှူခံ ထွက်ခဲ့သည်ဟု သိရှိရသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ ပူးပေါင်းကာ တပ်မဟာမြို့ လွယ်လင်းခီ(ဘုရားတောင်)ဘုန်းကြီးတွင် စုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က ယခုလိုပြောဆိုခဲ့သည်။

ရွှေ့ပြောင်းညီအကိုမောင်နှမတွေနဲ့ ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့တွေ စုပေါင်းမဟာဘုံကထိန် ပြုလုပ်နေတာ ဒါနဲ့ဆို ၇ ကြိမ် ရှိသွားပါပြီ၊ ကျနော်တို့ နှစ်စဉ်နှစ်တိုင်းလို အလှူလုပ်ဖြစ်တယ်၊ ကျနော်တို့ရဲ့ ရည်ရွယ်ချက် အခု သူများနိုင်ငံမှာ နေထိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်းညီအကိုမောင်နှမတွေကို ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မမေ့ပျောက်သွားအောင်ဆိုပြီးလုပ်တာပါ၊ နောက်တခုကတော့ စုပေါင်းမဟာဘုံကထိန်လုပ်ပြီဆိုတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်စေဖို့ပါပဲ၊ အတူတကွပူးပေါင်းလုပ်ဆောင်တတ်မှ ကြုံတွေ့လာရမယ့် အခက်အခဲ ပြဿနာရပ်တွေကို ပြေလည်ဖြေရှင်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စုပေါင်းမဟာဘုံကထိန်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်၊

စုပေါင်းမဟာဘုံကထိန်အတွက် အလှူခံထွက်ခဲ့ကြသူများထဲမှ မြန်မာရွှေ့ပြောင်းလုပ်သားတဦးကလည်း ယခုလို ပြောဆိုခဲ့သည်။

ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ
ကိုယ့်ရဲ့ရိုးရာဓလေ့တွေကို မေ့လျော့နေတာတွေ ပြန်ပြီးတော့ သတိရလာမိတယ်၊ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဒီလိုပွဲမျိုးက နှစ်စဉ်ကျင်းပနေကြဆိုတော့ မမေ့တော့ဘူး၊ ဒီထိုင်းနိုင်ငံကို ရောက်မှ ကျနော်တို့ရဲ့ ပွဲတွေတော်တော်များများကို မကြုံရဘူး၊ အခုလို လုပ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်

ရောင်ခြည်ဦးအလုပ်သမားများးအဖွဲ့ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန်ကို ပစ္စည်းလေးပါး ခက်ခဲသော ဘုန်းကြီးကျောင်းများတွင် ပြုလုပ်လာသည်မှာ ယခုဆို ၇ ကြိမ်မြောက်ဖြစ်သည်ဟု သိရှိရသည်။
YCOWA

0 comments:

Post a Comment