Wednesday, January 08, 2014

အအေးလှိုင်းတွေ အရှေ့ဖက်ကို စရွေ့နေကြပြီလို့သိရပါတယ်။

PhotoPhotoPhoto
(၁) (၈-၁-၂၀၁၄)ရက်နေ့တွင် ကမ္ဘာ့မြောက်ဖက်ခြမ်းဒေသ တိုက်ကုန်းမြေကြီး (၃)ခု တွင် ရေခဲအမှတ်အောက် ရောက်အောင် အေးခဲနေတဲ့ ဒေသများကို တွေ့မြင်ကြရပါတယ်။

မြောက်အမေရိကတိုက်မှာတော့ wind chill ကြောင့် အပူချိန် ရေခဲမှတ်အောက် - 50 deg C အထိ ကျဆင်းအောင် အေးခဲနေတဲ့ဒေသတွေရှိနေတဲ့အတွက် အသက်ဆုံးရှုံး မှုတွေ တွေ့နေ ရပြီဖြစ်ပါတယ်၊ တကယ်တော့ အခုလိုငအအေးပိုမှုဟာ အာတိတ်ဒေသက ၀င်ရိုးစွန်း အာတိတ်လေအေးတွေ တိုးဝင်လာမှုကြောင့်ဖြစ်ကြရပြီး အဲဒီ အာတိတ်လေအေးတွေ အောက်ဖက် အထိ ထိုးဆင်းလာရတာကလည်း သမပိုင်းဒေသ အထက်အမြင့်မှာ တိုက်ခတ်နေတဲ့ အနောက်ဂျက်လေစီးကြောင်းတွေအားလျော့ကျလာမှုကြောင့် မြွေလိမ်မြွေကောက် လေစီးကြောင်းများဖြစ်ပေါ်ရာမှ အခုလို အနိမ့်ပိုင်းဒေသများဆီကို လေအေးတွေထိုးဆင်းလာရခြင်းဖြစ်ပါတယ်။

(၂) (၅-၁-၂၀၁၄)ရက် 06 UTC( ကမြန်မာစ့တော်ချိန် နေ့(၁၂)နာရီခွဲအချိန)တွင် တိုင်းတာရရှိတဲ့ အာတိတ် လေအေးများ မြောက်အမေရိကတိုက်ပနောက်အလယ်အလယ်ပိုင်းဒေသအထက်ပိုင်းကိုတိုးဝင်နေပုံ။ အများဆုံး လေတိုက်နှုန်း 170 mph ခန့်အထိ တိုက်ခတ်ခဲ့တဲ့ အနောက်ဂျက်လေ စီးကြောင်း များကြောင့် အမေရိကန် Illinois, Michigan, Indiana, Missouri, and Ohio ပြည်နယ်များမှာ ၁ပေကျော်အထူရှိတဲ့ နှင်းများဖုံးလွှမ်းသွားခဲ့ပြီး၊ Chicago မြိုကမှာ အနိမ့်ဆုံး အပူချိန် -10C အထိရှိခဲ့ပြီး Wind Chill အပူချိန်ကတော့ -40C အထိရှိနေခဲ့ပါတယ်။

(၃) မြန်မာပြည်အပေါ်မှာတော့ ရာသီဥတုတွေ သာယာနေပါတယ်။ ဒအါပေမယ့် စစ်ကိုငးတိုင်းအောက်ပိုင်းဒေသအတွင်းမှာတော့ Hotspots (၃၉)နေရာတောင် ရှာတွေကထားတယ်လို့ နာဆာဂြိုဟ်တု တိုင်းတာချက်တွေ က ဖေါ်ပြထားကြပါတယ်။

အခုရက်ပိုင်းအတွင်း ဂဏန်းတစ်လုံးအပူချိန် (Single Digit temperatures) မြစ်ကြီးနား၊ လားရှိုး၊ လွိုင်ကော်၊ မန္တလေး စတဲ့ဒေသတွေဖြစ်ကြပါတယ်။
(၄) မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက်တွေမျာတော့ အအေးဓါတ်ပါတဲ့လေထုတွေဟာ အရှေ့ဖက်ကို စတင်ရွေ့နေကြတာကို တွေ့နေကြရပါတယ်။

Credit: ဒေါက်တာထွန်းလွင်

0 comments:

Post a Comment