Wednesday, January 08, 2014

လူကုန်ကူးမှု ၁၀၂မှုတွင် ရှမ်းပြည်နယ်မှလူကုန်ကူးခံရမှု အများဆုံးဖြစ်

မြန်မာနိုင်ငံ၌ ၂၀၁၃ခုနှစ်အတွင်း လူကုန်ကူးမှု ၁၀၂မှုဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်အတွင်းမှ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ နေပြည်
တော်မှ ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။

၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင်ရှမ်းပြည်နယ်တွင် လူကုန်ကူးခံရမှု ၄၀ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်၁၈ မှု၊ဲခူး ၁၂ မှု၊ မန္တလေး၇ မှု၊ ဧရာဝတီ၆ မှု၊ ကချင်၆မှု၊ ကရင်
၃ မှု၊ တနင်္သာရီ ၃ မှု၊ မကွေး၂ မှု၊ နေပြည်တော် ၂ မှု၊ စစ်ကိုင်း၁ မှု၊ မွန် ၁မှု နှင့် ရခိုင် ၁မှုစသည်တို့ ဖြစ်ပွားခဲ့ကြောင်း လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ယခင်နှစ်အတွင်း လူကုန်ကူးမှုကြောင့် တရားခံ ကျား ၈၁ဦး မ ၁၈၇ဦး စုစုပေါင်း ၂၆၈ဦး ဖမ်းဆီး အရေးယူထားကြောင်း၊မြန်မာ နိုင်ငံမှ လူကုန်ကူးခံရသူ ကျား ၈၁၊ မ ၁၇၅ စုစုပေါင်း၂၅၆ ဦး ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး အဆိုပါ လူကုန်ကူးခံရသူများမှာ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးသော လူကုန်ကူးခံရသူကျား ၃၈၊ မ၁၁၇ စုစုပေါင်း ၁၅၅ ဦးနှင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် လူ ကုန်ကူးခံရသူ ကျား ၁၄၂၊ မ ၉၁ စုစုပေါင်း၂၃၃ ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသမီးများ အဓမ္မလက်ထပ် ၅၅ မှု၊ ပြည့်တန်ဆာ၂၄ မှု၊ အဓမ္မစေခိုင်းမှု၂၀ မှု၊ အဓမ္မမွေးစားမှု၂ မှုနှင့် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု ၁မှု စသည့်တို့ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့လူကုန်ကူမှု ၅၉မှု၊ ထိုင်းနိုင်ငံတွင်းသို့ လူကုန်ကူးမှု ၂၁မှုနှင့်မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု ၂၂မှု ဖြစ်ပွားခဲ့ကြောင်း ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။

အိမွန်ကျော်
Credit: People power

0 comments:

Post a Comment