Monday, March 24, 2014

မြန်မာ ၀မ်ပေါင် သင်တန်းများ လစာ တိုးမြှင့်ပေးရန် တောင်းဆို ညှိနှိုင်းမှု အဆင်မပြေ ပါက ဆန္ဒထုတ်ဖော် တောင်းဆို သွားမည်

ကြေးနီ စီမံကိန်းရှိ မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ အပတ်စဉ်(၂) သင်တန်းသား များသည် လစာ ပေးနှုန်းများကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာ ကုမ္ပဏီသို့ ဥပဒေ အတိုင်း တောင်းဆို ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး၊ အဆင်မပြေပါက ဆန္ဒထုတ်ဖော် တောင်းဆိုသွားရန် ယမန်နေ့က သင်တန်းသားများ သီးသန့် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းသင်တန်းသား များသည် လစာ ပေးနှုန်းကို မကျေနပ် သဖြင့် မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ တရုတ် အရာရှိများ၊ မြန်မာအရာရှိ များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း လိုက် လျောပေး ခဲ့ခြင်းမရှိသည့် အတွက် ကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွား မည်ဖြစ်ပြီး လိုက်လျော မပေးပါက တရားဝင် ဆန္ဒထုတ်ဖော် တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

““ထပ်မံ တောင်းဆိုမယ်၊ သင်တန်းလည်း မတက်ဘူး၊ လာမယ့်(၂၆) ရက်နေ့မှာ သင် တန်းပြီး ဆုံးတော့မယ်၊ ပြီးရင် အလုပ်အတွက် စာချုပ် ချုပ်ကြမှာ၊ ဒီသတ်မှတ် ထားတဲ့ လစာ အတိုင်းဆိုရင် အဆင်မပြေဘူးင်္နဃ ၁၂၀ ဆို တာက မြန်မာငွေနဲ့ တွက်လိုက်ရင် ဘာမှ မရ ဘူး၊ လုံခြုံရေး ၀န်ထမ်းတစ်ဦးရဲ့လစာနဲ့(၁၀) ပဲ ကွာတယ်။ သမ္မတကြီးက အာဆီယံမှာ ဥက္ကဋ္ဌ တောင်ဖြစ်နေပြီ။ အလုပ်ရှင်တွေက အာဆီယံ လစာ မပေးနိုင်ဘူးလား။ မြန်မာ အရာရှိ တွေက ဘက်လိုက်မှု တွေရှိနေတယ်။ ကုမ္ပဏီ တစ်ခုလုံးကို မြန်မာ အရာရှိတွေက ချုပ်ကိုင် ထားတယ်။ သင်တန်းသား တွေ လစာ ကိစ္စ တောင်းဆိုတာကို မင်းတို့ အဆင့်က (၈) တန်းကျောင်းသား တောင် ခိုင်းလို့ရ တဲ့အဆင့် လို့ပြောတယ်။ နိုင်ငံခေါင်းဆောင် တွေရဲ့ ပညာ ရေးလုပ်ဆောင်ချက်ကို နှိမ့်ချ လိုက်တယ်လို့ ထင်တယ်၊ မကျေနပ်ဘူး၊ ဒါကြောင့် တောင်း ဆိုမယ်၊ ညှိနှိုင်းမယ်၊ မပြေလည်ရင် တော့ ဆန္ဒ ထုတ်ဖော် တောင်းဆိုသွားမယ်။ မြန်မာ အရာရှိ တွေရဲ့ မသမာမှုတွေ ကိုလည်း သင်တန်းသား တွေက ထုတ်ဖော်သွားမယ်”” ဟု မြန်မာဝမ် ပေါင် သင်တန်း သား ကိုဘိုဦးက ပြောသည်။

မြန်မာဝမ်ပေါင် သင်တန်းသားများက လစာ ကိစ္စများ သွားရောက် တောင်းဆိုချိန်တွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ HR ဌာနမှအရာရှိ များမှ ဒေသခံ ဘွဲ့ရ သင်တန်းသားများ အဆင့် သည် သာမန် (၈) တန်းအဆင့် လောက်သာ ရှိသည်ဟု ပြောကြားခဲ့ပြီး၊ လစာ တိုးမြှင့်ပေး ရန် အစီအစဉ် မရှိဟု ပြောကြား ခဲ့ကြောင်း သင်တန်းသားများ အစည်းအဝေးတွင် ထည့် သွင်း ပြောဆိုချက်အရ သိရသည်။

““တတ်နိုင် သလောက်တော့ ညှိနှိုင်း သွားမယ်၊ သင်တန်းသား အားလုံးက ဒေသခံ တွေချည်းပဲ ဖြစ်နေတယ်၊ လစာ ကိစ္စတွေကို ပြည်ထောင်စု ၀န်ကြီးလာရင် ထပ်မံ တင်ပြ ပေးမယ်။ အကောင်းဆုံး ဖြစ်အောင် လုပ် ဆောင်ပေးသွားမှာပါ၊ သင်တန်းကိုလည်း ပုံမှန် တက်စေချင်ပါတယ်”” ဟု ကြေးနီစီမံ ကိန်းဒေသ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ သတ္တု တွင်း ၀န်ကြီး ဦးသန်းထိုက်က ပြောသည်။

မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ ဒေသခံလူ ငယ် ဘွဲ့ရများကို သီးသန့် ခေါ်ယူကာ သင်တန်း ပေးထား ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် (၁၁)လပိုင်း မှစတင်ကာ သင်တန်းသား တစ်ဦးလျှင် သင် တန်း ကာလတွင် တစ်သိန်းကျပ် ပေးကာခေါ် ယူခဲ့ကြောင်း၊ ယခုလ (၂၆) ရက်နေ့တွင် သင်တန်း ကာလ ပြီးဆုံးတော့ မည်ဖြစ်သဖြင့် လစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြု လုပ်ပြီး၊ အဆင်မပြေ ပါက ဆန္ဒထုတ်ဖော် တောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

Credit: Messenger News Journal

0 comments:

Post a Comment