Thursday, April 17, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ သင်္ကြန်ကာလအတွင်း ကောင်းမှုကုသိုလ်များ ပြုလုပ်


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် သင်္ကြန်အကြတ်နေ့က တာ့ခ်ခရိုင် မဲဆောက်မြို့ နော်ကီဖားကျေးရွာတွင် စတုဒိသာကျွေးခြင်းဖြင့် ကုသိုလ်ဒါနများ ပြုလုပ်ခဲ့ကြသည်။

၎င်းနောက် သင်္ကြန်အတက်နေ့တွင် ရောင်ခြည်ဦး ခေတ္တခိုလှုံရာနေအိမ်တွင် သင်္ကြန်ထမင်းကျွေးခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်အတက်နေ့က ဖုတ်ဖရမြို့နယ်ရှိ ရေတံခွန်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်းရင်းမြစ်နှင့် မဲဆောက်မြို့တွင်းသို့ ရေပက်ခံထွက်ခဲ့ကြသည်ဟု သိရသည်။

မယ်တောင်ရပ်ရှိ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် နှစ်ဆန်း ၁ ရက်နေ့၌ သက်ကြီးပူဇော်ပွဲကိုလည်း ထပ်မံပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် သင်္ကြန်ကာလအတွင်း နှစ်စဉ် ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment