Thursday, April 10, 2014

အဆောက်အအုံများဆောက်လုပ်ရန် မြေတိုင်းတာမှုများစတင်နေဟုဆို

သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန်မြေပေါ်တွင် သက်ဆိုင်ရာ မှမြေတိုင်းတာမှုများစတင်ပြုလုပ်နေပြီဟု မိကျောင်းကန်မြေ ပြန်လည် ရရှိရေးကော်မတီဝင် မိကျောင်းကန်သပိတ်စခန်းဦးဆောင်သူ ဦးစိန် သန်းက ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောသည်။

အဆိုပါမြေပေါ်ရှိစေတီတစ်ဆူကိုလည်းရွှေများခွာကာ ရွှေအသစ် ချခြင်းများပြုလုပ်နေသည်ဟုဆိုသည်။

''မြေတိုင်းတာတွေလုပ်နေတယ်။ ဒါ့အပြင်မိကျောင်းကန်မြေပေါ်က အေးစေတီက ရှေးဘိုးဘွားတွေလက်ထက်ကတည်းကချထားတဲ့ ရွှေ တွေခွာချပြီး ရွှေအသစ်ပြန်ကပ်တာတွေလဲလုပ်ကြတယ်။ ဒါတွေက လုံးဝမလုပ်သင့်တာတွေမို့လို့ ဒါကိုလဲဆန္ဒပြသွားမယ်''ဟု ဦးစိန်သန်း ကပြောသည်။ဝေဇယန္တာလမ်းပေါ်ရှိ မိကျောင်းကန်မြေအေးစေတီအနီး ၌ ယခုလ ၁ဝရက်တွင်သွားရောက်ဆန္ဒဖော်ထုတ်မည်ဟုဆိုသည်။
မိကျောင်းကန်မြေပြန်လည်ရရှိရေးနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်၊ ဦးခိုင်မောင်ရည် တို့ကို အကူအညီတောင်းခံထားသော်လည်း မည်သည့်ထူးခြားမှုမျှ မရှိသေးဟု ၄င်းကဆက်လက်ပြောသည်။

¤င်းက''ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ဒီမြေနဲ့ပတ်သက်တဲ့ စာ ရွက်စာတမ်းတွေပို့ထားတယ်။ လေ့လာနေတယ်လို့ပြောတယ်။ တစ် ရက် ကျွန်တော်တို့ကော်မတီဝင်တွေနဲ့တွေ့မယ်လို့ အကြောင်းပြန်ထား တယ်။ ဘယ်နေ့ရယ်လို့တော့မသိရသေးဘူး။ဒေါ်အောင်ဆန်းစုကြည် က ပြည်ပခရီးသွားစရာ ရှိနေသေးတယ်လို့လဲပြောပါတယ်။ ဦးခိုင် မောင်ရည်ကလဲ ကျွန်တော်တို့စခန်းကိုလာပြီးတာနဲ့ မြေသိမ်းမှုစုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌကိုတွေ့ဖို့ နေပြည်တော်ကိုသွားပါတယ်။ ဘာမှတော့မသိရသေးပါဘူး''ဟုပြောသည်။

မိကျောင်းကန် အပိုင်း (၁၊၂၊၃)နေထိုင်သူများ၏ တတိယအကြိမ် မြောက် သပိတ်စခန်းကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့ နယ် မဟာဗန္ဓုလပန်းခြံလမ်း မဟာဗန္ဓုလပန်းခြံဘေး (ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့)၌ မတ် ၂၄ရက် နံနက် ၁ဝနာရီမှ စတင် ဖွင့်ခဲ့ပြီး ဆန္ဒဖော်ထုတ်ရာတွင် အဓိကအချက်အနေဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့် မညီညွတ်သော်လည်း ပြန်လည်ပေး
အပ်ရန်မရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံ အိတ်ပိတ်ဖြေကြားသောအဖြေအပေါ်ကန့်ကွက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ မိကျောင်းကန်သပိတ်စခန်းကို ယခုလဆန်းပိုင်းက သက်ဆိုင်ရာက စခန်းဖျက်သိမ်းမှုကိုကြုံခဲ့ရသည်။

ဦးစိန်သန်းက''စခန်းကသက်ကြီးရွယ်အိုတချို့ ကျန်းမာရေး ထိခိုက်တာတွေရှိတယ်။ ဒါပေမယ့် စခန်းမဖျက်ဘူး။ ဆက်ဖွင့်မယ်'' ဟုပြောသည်။ မိကျောင်းကန် အပိုင်း(၁၊၂၊၃) နေသူများ
ဆန္ဒဖော်ထုတ်မှုသည် ယခုအကြိမ်အပါအဝင် (၁ဝ)ကြိမ်မြောက်ဖြစ်ပြီး သပိတ်စခန်းမှာ တတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် မြို့တော်ခန်းမရှေ့နှင့်ဒုတိယအကြိမ် သင်္ဃန်းကျွန်း မိကျောင်းကန် ရှေ့တို့၌ နှစ်ကြိမ်သပိတ်စခန်းဖွင့်ခဲ့သည်။
Credit: The Union Daily

0 comments:

Post a Comment