Sunday, May 04, 2014

စင်ကာပူမှ မြန်မာသို့ အွန်လိုင်းမှ ငွေလွှဲငွေလက်ခံသူက ဝန်ဆောင်ခပေးရမည်

စင်ကာပူ DBS (Development Bank Of Singapore) နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း အကောင်အထည် ဖော်ထားသည့် အင်တာနက် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ စင်ကာပူမှ မြန်မာသို့ ငွေလွှဲပါက ငွေလက်ခံသူက ဝန်ဆောင်ခ ပေးရမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

စင်ကာပူမှ ငွေလွှဲသူသည် DBS ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်၍ ငွေလက်ခံသူသည် ဧရာဝတီဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ရန်လိုကာ တစ်နေ့လျှင် စင်ကာပူ ဒေါ်လာ ၅၀၀၀ ထိ လွှဲပြောင်းနိုင်ပြီး ငွေလက်ခံသူက ဝန်ဆောင်ခကျပ် ၃၀၀၀ ပေးရမည် ဖြစ်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာနမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသူရမောင်က ပြောဆိုသည်။
Credit: The Voice Weekly

0 comments:

Post a Comment