Thursday, August 27, 2015

ရေဘေးသင့်ပြည်သူများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ဓနုဖြူမြို့နယ် မြို့မိ၊ မြို့ဖများ သွားရောက်လှူဒါန်း


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများဦးဆောင်ပြီး ဓနုဖြူဒေသခံများ၊ ကရုဏာရှင်အသင်းနှင့် ရန်ကုန်တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားအချို့ပါဝင်သည့်အဖွဲ့သည် ဓနုဖြူတဖက်ကမ်းရှိ ရေဘေးဒဏ်ခံစားနေရသည့် ရွာစုပေါင်း ၆ ရွာရှိ အိမ်ထောင်စု ၆၀၀ ခန့်အား ၁၇-၈-၂၀၁၅ နေ့နံနက် ၇ နာရီခန့်မှစတင်ပြီး သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယအတွင်းရှိ ကလော့သော့ရွာစုမှစတင်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ ရွာများ၏ ရေလွှမ်းမိုးခံရမှုအခြေအနေသည် စိုးရိမ်စရာဖြစ်နေပြီး ကယ်ဆယ်ရေးအဖွဲ့များ အရောက်အပေါက်နည်းသည့် ရွာများဖြစ်သည်ဟုလည်း သိရှိရပါသည်။ ကလော့သော့ရွာခံတဦးက “'ဒီရွာကို ရေစကြီးတည်းက ဆန်သုံးပြည်ဘဲရောက်ဖူးသေးတယ်” ဟု ပြောဆိုခဲ့ပါသည်။ တချို့ ရေလွှမ်းမိုးခံရသည့် ရွာစုများဆိုလျှင်လည်း ကယ်ဆယ်ရေးကားများ မိမိတို့ ရွာအနီးမှ ဖြတ်သွားသည်ကို တွေ့မြင်ရသော်လည်း မည်သည့်အကူအညီမှ မရရှိခဲ့ကြပါ။ “ကယ်ဆယ်ရေးအဖွဲ့ကားတွေ တစ်နေ့ ၃ စီး ၄ စီးလောက်ဖြတ်သွားတယ်။ တခါတလေ အဲဒီကားတွေကိုတောင် ဝိုင်းတွန်းကူပေးရသေးတယ်။ ကျမတို့ ရွာက အိမ်စုတွေ ဘာမှမရကြသေးဘူး” ဟု အကူညီမရသည့် ရေဘေးသင့် အိမ်ထောင်စုတခုမှ မိသားစုဝင်တစ်ဦးက ပြောဆိုခဲ့သည်။ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများဦးဆောင်သည့် ရေဘေး ကယ်ဆယ်ရေးအဖွဲ့သည် အဆိုပါ ကယ်ဆယ်ရေးမရောက်ရှိသည့် ရွာများဖြစ်သော ဓနုဖြူမြို့နယ် ပါကွန်ရွာ၊ တယောလှရွာ၊ စစ်ကုန်းရွာနှင့် ရန်ကုန်တိုင်းအတွင်း တိုက်ကြီးမြို့နယ်ရှိ ကလော့သော့ရွာများသို့ သွားရောက်ကူညီလျက်ရှိနေပါသည်။
 
 
 
 
 
 
 
 
 
 

0 comments:

Post a Comment