




မြန်မာပြည်ရေဘေး ကူညီကယ်ဆယ်ရေးအတွက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလှူခံလျှက်ရှိရာ ဒုတိယနေ့ဖြစ်သော ၆-၈-၂၀၁၅ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ထိုင်းဘတ် ၁၇၀၄၆ ဘတ် (တစ်သောင်းလေးဆယ့်ခြောက်ဘတ်တိတိ) နှင့် မြန်မာငွေ ၃၃၄၅၀ ကျပ် (သုံးသောင်းသုံးထောင်လေးရာ့ငါးဆယ်ကျပ်တိတိ) ဖြစ်ပါသည်။ အလှူပစ္စည်းများမှာ အစားအစာများ ဆေးဝါးများ အ၀တ်အထည် အသုံးအဆောင်များဖြစ်ပြီး အများစုမှာ ပစ္စည်းအသစ်များဖြစ်ပါသည်။ ပစ္စည်းအမျိုးအစားများကို ရောင်ခြည်ဦးတာဝန်ခံများနှင့် အလုပ်သမားကိုယ်စားလှယ်တချို့မှ ခွဲခြမ်းထုပ်ပိုးလျက်ရှိနေပါသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံသို့ အလှူခံလာမည့် ရောင်ခြည်ဦးအဖွဲ့သားများသည် ရောင်ခြည်ဦး အမှတ်တံဆိပ်ပါ ရေဘေးကယ်ဆယ်ရေး ပိုစတာများ၊ လည်ဆွဲတံဆိပ်များနှင့် လာရောက်ကြမည်ဖြစ်ပါသည်။ ထိုအမှတ်အသားများမပါဝင်ပါက ရောင်ခြည်ဦးအဖွဲ့မှ မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ ကောက်ခံရရှိသမျှ ငွေကြေးစာရင်းနှင့် ပစ္စည်းစာရင်းများအား ဓာတ်ပုံသတင်းအချက်အလက်တိကျစွာဖြင့် နေ့စဉ်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။ လုပ်ခလစာအနည်းဆုံးနှင့် ဒုက္ခအများဆုံးရင်ဆိုင်နေကြရသည့် ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ စေတနာသဒ္ဓါတရားထက်သန်မှုအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မြန်မာပြည်၏ ယခုရင်ဆိုင်လျက်ရှိနေသော ဘေးဒုက္ခကပ်ဆိုးမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်လိုက်ပါသည်။
0 comments:
Post a Comment