Thursday, August 27, 2015

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းရန်ပစ္စည်းများနှင့်အတူ မဲဆောက်မြို့မှ မြန်မာပြည်သို့ ထွက်ခွာ


မြန်မာပြည်ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရန်အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်သောအဖွဲ့သည် အလှူပစ္စည်းများအားတင်ဆောင်ပြီး ယနေ့ (၁၅-၈-၂၀၁၅) နံနက်ပိုင်းတွင် မဲဆောက်မြို့မှ မြန်မာပြည်တွင်းသို့ ထွက်ခွာသွားပြီဖြစ်ပါသည်။ ဧရာဝတီတိုင်းသို့ နောက်တနေ့ (၁၆-၈-၂၀၁၅) တွင် ရောက်ရှိမည်ဖြစ်ပြီး ရေဘေးသင့်သူများထဲမှ သွားရေးလာရေး ပိုမိုခက်ခဲပြီး လုံလောက်စွာမရရှိသေးသည့် ကျေးရွာများထံသို့ ဦးစားပေးသွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ သွားရောက်လှူဒါန်းသည့် နေရာဒေသများနှင့် အလှူမှတ်တမ်းအား ဆက်သွယ်ရရှိမှုအပေါ်မူတည်ပြီး အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။










0 comments:

Post a Comment