Monday, July 04, 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဘုံကထိန်

 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ န၀မအကြိမ်မြောက် မဟာဘုံကထိန်အခမ်းအနားကို မဲကျရာ မယ်တောင်အရပ်ရှိ ၀ပ်မယ်တောင်ဘန့်ဆမ်လုံလျမ် ထိုင်းဘုန်းတော်ကြီးကျောင်းသို့ ယနေ့ (၂၅-၁၁-၂၀၁၅၊ ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပါသည်။ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးမှ မဲကျရာကျောင်းတိုက်သို့ နံနက် ၉ နာရီမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာအလုပ်သမားအများစုရှိရာ မဲဆောက်ဈေးအတွင်း ကထိန်လှည့်လည်ခဲ့ပြီး ကျောင်းသို့ နံနက် ၁၁ နာရီတွင်ရောက်ရှိခဲ့ပါသည်။ သဃာတော်များအား ဆွမ်းခဲဘွယ်ဘောဇဉ် များ ကပ်လှူခဲ့ပြီး ကထိန်သင်္ကန်းအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေမှ နေ့လည် ၁၂း ၃၀ နာရီအချိန်တွင် ဦးဆောင်ကပ်လှူခဲ့ပြီး သံဃာတော်များမှ ကထိန်သင်္ကန်းကပ်လှူရခြင်း၏ အကျိုးကျေးဇူးတရားတော်များပြန်လည်ချီးမြှင့်ပေးခဲ့ပါသည်။ အခမ်းအနားတွင် ကလေးငယ်များ၏ ဇော်ဂျီနှင့် သူယောင်မယ်များ၊ ဦးရွှေရိုးနှင့် ဒေါ်မိုးတို့၏ နှစ်ကိုယ့်တစ်စိတ်အက၊ မြန်မာရွှေ့ပြောင်းအလုပ်သမား ဂီတပညာရှင်များ၏ မြန်မာ့ရိုးရာ တေးသီချင်းဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နေ့လည် ၂ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
 
 
 
 
 
 
 

0 comments:

Post a Comment