Friday, January 27, 2017

လိမ္မော်သီး ၂ လုံး ခိုးသည်ဟု စွပ်စွဲပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်အား ရေနွေးပူဖြင့် လောင်းချ နှိပ်စက်သည့် အလုပ်ရှင်ကို ဖမ်းဆီး


မော်လမြိုင်မြို့တွင် အသက်(၁၄)နှစ်အရွယ်မိန်းကလေးကို အလုပ်ရှင်မှ ရေနွေးပူလောင်းချသည့်အမှု မော်လမြိုင် တရားရုံးက ဇန်နဝါရီ ၃၀ ရက်တွင် စတင်စစ်ဆေးမည်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်အား အလုပ်ရှင်မှရေနွေးပူဖြင့်လောင်း ချသည့်အမှုကို ချုပ်မိန့် ရမ္မာန်ကြီး(၂)ပတ်ယူပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် မော်လမြိုင်မြို့နယ် တရားရုံးမှ စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအမှုကို မုပွန်နယ်မြေရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၂၆နှင့် အမှုဖွင့်ပြီးနောက် ချုပ်မိန့်ရမ္မန်ကြီး(၂) ပတ်ရယူခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားခြင်းဖြစ်ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
“နစ်နာသူက ကျွန်တော်တို့ရဲစခန်းကိုတိုင်ကြားတယ်။ ရဲလုပ်ထုံးလုပ်နည်းအရ တရားသူကြီးဆီကနေချုပ်မိန့် ရမ္မန်ကြီး(၂)ပတ်ယူတယ်။ ဒီကြားမှာလုပ်ထုံးလုပ်နည်းနဲ့အညီ တရားခံကိုစစ်ဆေးတာတွေလုပ်တယ်။ ဇန်နဝါရီ ၅ ရက်နေ့ ကရမ္မန်ကြီး(၂)ပတ်ယူတာတစ်လပြည့်လို့ မော်လမြိုင်မြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့လိုက် တယ်။”ဟု မုပွန်နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် မင်းမင်းထွန်းကပြောသည်။

မော်လမြိုင်မြို့တက္ကသိုလ်ကျောင်းဝင်း အမျိုးသားဘော်ဒါဆောင်၌ ထမင်းချက်လုပ်ငန်းအား ကန်ထရိုက်ယူလုပ် ကိုင်သူ မအေးအေးစိုး အသက်(၃၈)နှစ်က ၎င်းနှင့်အလုပ်ဝိုင်းကူလုပ်ပေးနေသည့် အသက်(၁၄)နှစ်အရွယ် မိန်း ကလေးတစ်ဦးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် လိမ္မော်သီး(၂)လုံးပျောက်သည်ကို အကြောင်းပြု၍ ဓာတ် ဗူး(၂)လုံး၌ ထည့်ထားသည့် ရေနွေးပူဖြင့်လောင်းခြင်း၊ ထင်းစဖြင့် ဦးခေါင်းကိုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့သို့ပြုလုပ်ခြင်းကြောင့် အသက်(၁၄)နှစ်အရွယ်မိန်းကလေးမှာ ဝဲဘက်ပုခုံးမှ တင်ပါးအောက်အထိ ရေနွေးပူ လောင်ဒဏ်ရာများ၊ ခန္ဓာကိုယ်အရှေ့ဘက်ခြမ်းဝဲယာပုခုံးမှ လက်မောင်းအထိ အရေနွေးပူလောင်ဒဏ်ရာများ၊ ဝဲယာပေါင်ခြံတွင် ရေနွေးပူလောင်ဒဏ်ရာများ ဦးခေါင်းဝဲဘက်ချိုဇောင်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသက်(၁၄)နှစ်အရွယ်မိန်းကလေး၏ အဒေါ်ဖြစ်သူဒေါ်လှကြည်(ခ) ဒေါ်ပု အသက် (၄၇)နှစ်မှ ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၂၇ ရက်တွင် မုပွန်နယ်မြေရဲစခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ရဲစခန်းမှ အပြင်းအထန်နာကျင်စေမှု ပုဒ်မ- ၃၂၆ အရ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်မပြည့်သေးသူ ကလေးသူငယ်အား ရဲစခန်းမှအပြင်းအထန်နာကျင်စေမှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ခြင်းသည် ရာဇဝတ်မှုခင်းကျဆင်းရေးကို အထောက်အကူမပြုပဲ ပြစ်မှုကျူးလွန်သူများကို အားသာချက်ဖြစ်စေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

“အင်းဝအပ်ချုပ်ဆိုင်အမှုမှာတောင် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ပြီး ကလေးသူဆိုင်ရာ ဥပဒေပုဒ်မ-၆၆(ဃ)နဲ့ တရားစွဲခဲ့သလို အခုရေးနွေးပူလောင်းတဲ့အမှုမှာလည်း ပုဒ်မ-၆၆(ဃ)နဲ့ လူမှုဝန်ထမ်းက တရားစွဲသင့် ပါတယ်။ ရဲစခန်းကလည်း အမှုကိုပြီးပြည့်စုံအောင် တည်ဆောက်ဖို့လိုပါတယ်။”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

အသက်(၁၄)နှစ်အရွယ်မိန်းကလေးအား ရေနွေးပူဖြင့်လောင်းသည့်အမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ကလေး သူငယ်အခွင့်ရေးများဆိုင်ရာကော်မတီဥက္ကဌ၊ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်မှ အလုပ်သမားဥပဒေရုံးသို့ ကလေးသူငယ်အားဆိုးရွားစွာထိခိုက်စေမှုအတွက်အရေးယူရန် ညွှန်ကြားထား ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါအမှုကို အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန(မွန်ပြည်နယ်ရုံး) စစ်ဆေးရေးအ ရာရှိများကစစ်ဆေးခဲ့ရာ တဆင့်ခံကန်ထရိုက်အလုပ်ဖြစ်နေခြင်းကြောင့် အလုပ်ရုံများအက်ဥပဒေအရ အကျုံးမ ဝင်သည့်အတွက် ၎င်းတို့ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေး ရေးဦးစီးဌာန(မွန်ပြည်နယ်ရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ်ဖြစ်ရပ်အမှုပေါင်း (၇၀)ရှိခဲ့ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရုပ်၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များသည် အများဆုံးဖြစ်ခဲ့ကြောင်း မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ သိရသည်။

Credit: ရတနာပုံ သတင်းစာ

0 comments:

Post a Comment