Friday, February 24, 2017

မြန်မာအမျိုးသမီး ၃ ဦး ဂျပန်အလုပ်သမားဥပဒေအရ ဖမ်းဆီးခံရ


jp
ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာအမျိုးသမီး ၂ ဦးနဲ့ အလုပ်လက်ခံသွင်းပေးသူ အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးနဲ့ ဆိုင်တာဝန်ခံ ဟီရိုဆဲ့ ယူဂျီ စံ ၄၂ နှစ် စုစုပေါင်း ၄ ဦးကို တရားမ၀င် အလုပ်လုပ်မှု၊ ခိုင်းစေမှုတို့နဲ့ ဆိုင်တမ ခရိုင်အတွင်းက ထမင်းဘူးဆိုင်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်လုပ်ခွင့် မရှိသေးချိန် ၂၀၁၅ ခုနှစ် ၁၁ လ ပိုင်းကစလို့ အခုလအထိ အဆိုပါ ဆိုင်မှာ အလုပ်လုပ်ကိုင်စေခဲ့တာဖြစ်ပြီး ဂျပန်လ၀ကဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။
အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှ အလုပ်သင်ဗီဇာနဲ့ အများအပြား ဂျပန်နိုင်ငံသို့ ၀င်ရောက်ခဲ့ ကြပြီး လစာနည်းပြီး အလုပ်ရှင်မှ လူ့အခွင့်အရေးချိုးဖောက်တာတွေကြာင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူ ထောင်ချီရှိနေတယ်လို့ သိရှိရပါတယ်။ ဂျပန်လ၀က ဥပဒေအရ ဒုက္ခသည်အဖြစ် စတင်လျှောက်ထားချိန်မှ ၆ လအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကလည်း အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးကို လဝကဥပဒေ ချိုးဖောက်တဲ့ သံသယရှိမှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံသား ရာနဲ့ချီပြီး တိုကျိုလ၀က ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
Credit: DVB

0 comments:

Post a Comment