“ကျနော်တို့ ရွှေတောင်မှာတော့ အဲဒီ အချိန် သပိတ်စခန်းတွေရှိတယ်။ ကျောင်း သားလည်းပါတယ်။ အစိုးရဝန်ထမ်းတွေ လည်း ပါတယ်။ လူထုကလည်း ပါဝင်တယ်။ အရေးတော်ပုံဖြစ်လာတာကို ပြောရရင် ကျနော်အထင်တော့ ပိုက်ဆံသိမ်းလိုက်တာ ကြောင့်လည်း ပါမယ်။ အရပ်သားအစိုးရကို ပြည်သူက လိုလားတာလည်း ဖြစ်လိမ့်မယ်။
ပိုက်ဆံသိမ်းလိုက်ချိန်မှာ လူထုက မကျေနပ်ချက်တွေက ပိုများလာတယ်။စစ် အာဏာရှင် စနစ်ကိုလည်း ဘယ်သူကမှ မလိုချင်တော့ဘူး။ စန္ဒာဝင်း လဘက်ရည်ဆိုင်မှာ ဖြစ်တဲ့ ပြဿနာကို သူတို့ဖြေရှင်းပုံကိုက ကျောင်းသားတွေကို ဒေါသဖြစ်စေတယ်။ အဲဒီက နေ စတာထင်တယ်။ ဘာမဟုတ်တဲ့ လက်ဖက်ရည်ဆိုင် ပြဿနာကြောင့်ပဲ ဖြစ်သလိုလို မဆလအုပ်ချုပ်သူတွေက လူထုကိုဝေ၀ါးစေတယ်။ ကျောင်းသားနဲ့ လူထုကို ပြန်ရန်တိုက်ပေးတယ် ။ကျနောသိတာတွေကို ပြောပြတာပါ”
၈၈၈၈ ကာလတွင် နိုင်ငံရေးပါတီတခုတွင် ပါဝင်ခဲ့သူတဦး
“ကျောင်သားတွေ တောင်းဆိုတာ လည်း မလုပ်ပေးဘူး။ ပြီးတော့ သူတို့က စစ်တပ်နဲ့ပြန်ခြိမ်းခြောက်တာကို မခံချင်ပဲ ကျောင်းသားတွေက မကြောက်မရွံ့ပြန်ချ တော့ သူတို့က ကျောင်းတွေပိတ်လိုက်တယ်။ ကျောင်းပိတ်လိုက်ရင် ကျောင်းသားတွေ မစုမိတော့ဘူးပေါ့။ ဒါပေမဲ့ ကျောင်းသား တွေက လူထုကို စည်းရုံးပြီး လူစုတွေခွဲ တိတ်တဆိတ် လှုပ်ရှားကြတယ်။ နေရာအနှံ့ မှာ စာတွေကပ်တာတွေ စကားဝိုင်းပုံစံတွေ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြတယ်။ ဒီလို ဦးဆောင်ခဲ့တဲ့အတွက် ၈၈၈၈ အရေးတော်ပုံ ကြီး ဖြစ်လာတာပဲ။ ဒီအတောအတွင်းမှာ ကျောင်းသားတွေ အဖမ်းခံရတယ်။ ဒါပေမယ့် နောက်မဆုတ်ခဲ့ကြဘူး”
၈၈၈၈ ကာလတွင် ကျောင်းသားမိဘတဦး
“ကျနော်ကတော့ ၈၈၈၈ အရေးတော် ပုံ မတိုင်ခင်ထဲက ကျောင်းသားတွေထဲက တူတွေ တူမတွေရဲ့ သူငယ်ချင်းများစွာကို ကူညီပေးတယ်။ သူတို့စာတွေ ကပ်တာ၊ လူစု ပြီး ဆွေးနွေးနိုင်အောင်လည်း တတ်နိုင်သ လောက် ကူညီပေးခဲ့တယ်။ အရမ်းတက်ြွက တဲ့ လူငယ်လေးတွေကို ကူညီပေးရတာ ဂုဏ်ယူတယ်လေ။ သူတို့လုပ်ချင်တာကို သေသေချာချာတိုင်ပင်တဲ့ အချိန်တွေဆိုရင် အမလေးဗျာ တကယ့် စစ်ထွက်တော့မယ့် အတိုင်း ဗျူဟာတွေ၊ ဘယ်လိုအခက်အခဲ ဖြစ်လာရင် ဘယ်လိုလုပ်ကြမယ်ဆိုတာ တကယ့်ကို တက်ြွကကြတယ်။ ဒါတွေကို ခုထိ မြင်ယောင်နေတုန်းပဲ။ စည်းရုံးရေး ဆင်းချိန်ဆိုရင် အဝေးကြီးသွားကြရတာ။ တရွာပြီးတရွာ လမ်းလျောက်ရတာ။ မော တယ်လို့ မထင်ရဘူး။ တချက်မညည်းကြ ဘူး။ ခုထိတကယ်ပါ မေ့ကိုမမေ့သေးဘူး”
၈၈၈၈ အရေးတော်ပုံကာလအတွင်း ကျောင်းသားများကို ကူညီပေးသူတဦး
“အဲဒီတုန်းကလား။ နေဝင်းကို မကျေနပ်တာက အဓိကပေါ့။ ကျောင်းသား ကိစ္စဖြစ်ပြီးနောက်ပိုင်း စာတွေရတယ်။ စစ် အာဏာရှင်ကို တိုက်မယ်။ အာဏာရှင် နေဝင်းကို အပြုတ်တိုက်မယ်ဆိုတာတွေ၊ လူတွေ စားရေးနေရေး အလုပ်အကိုင်၊ ဘာကြောင့် အဆင်မပြေတာ ဘယ်သူ့ ကြောင့် ဖြစ်ရတယ်ဆိုတာ သိလာတော့ လူထုဒေါသက ဒီအရေးအခင်းကြီးကို ဖြစ်လာစေတာဘဲ။ ပြောရရင် နေရာတိုင်း မြို့တိုင်း တနိုင်ငံလုံး လူထုပါဝင်တာက အရမ်းကို တက်ြွကစေတယ် လမ်းတွေပေါ် မှာ သပိတ်စခန်းတွေမှာ ဟောပြောပွဲတွေမှာ လူတွေတအုန်းအုန်းပဲ။ ဒါပေမယ့် အောင်မြင် ခဲ့တယ်ပြောနိုင်ယုံပါပဲ။ ကြားဖြတ်အစိုးရ ဖြစ်မလာဘူး။ ရွေးကောက်ပွဲရလဒ် ဘာမှ မထူးဘူး စစ်တပ်က အာဏာပြန်သိမ်း သွားတာပဲ”
ပြည်သူတဦး
“မမေ့သေးဘူး။ ရှစ်လေးလုံးဆိုတာ သမိုင်း တွင် ယုံတင်မကဘူး၊ ကမ္ဘာကိုတောင် တုန်လှုပ် သွားစေတယ်ဆိုတာ ပြောစရာ တောင် မလိုဘူး။ စုစည်းမှုအကောင်းဆုံး လူထုပါဝင်မှုအား အကောင်းဆုံး အရေး တော်ပုံ တခုပါ။ ဒါပေမယ့် အခွင့်အရေးကို ကောင်းကောင်းအသုံးမချနိုင်ခဲ့ဘူး။ ဘယ်သူ က ဘယ်သူ့ကို ယုံရမှန်းမသိနဲ့။ နောက်ဆုံး စစ်တပ်က ပြန်ပြီးအာဏာသိမ်းသွားတယ်။ ဘာဖြစ်လဲ လုပ်ထားသမျှတွေ တခုမှ အသုံး မဝင်တော့ဘူး။ ခုဆို ၂၂ နှစ်တောင်ရောက် လာပြီ။ နောက်တခါမှာ အဲဒီလိုတွေ မဖြစ်အောင် သင်ခန်းစာယူပြီး လုပ်ကြဖို့လိုတယ်”
ဝန်ထမ်းတဦး
“အင်းဒီနှစ်ထဲမှာလည်း ရွေးကောက် ပွဲက ရှိနေတယ်။ ၈၈၈၈ အရေးတော်ပုံ ကလည်း ၂၂နှစ်။ သူတို့က သွေးတိုးစမ်း နေတာလား။ ဘာတွေ လုပ်ခွင့်ပေးမှာလဲ။ ဘာလုပ်ပေးမှာလဲ။ ဘာအခွင်းအရေးတွေ ရ မလဲ။ အလုပ်တွေပေးနိုင်မလား လွပ်လပ်စွာ သွားလာခွင့်ရှိမလား လွပ်လပ်စွာပြောဆို ခွင့်ရမလား ရေးသားခွင့်ပေးမှာလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ်တဲ့လား ပြည်သူတွေကို ဒါတွေပေးရင်တော့ လုပ်ပေတော့လို့ အား ပေးမယ်။ ဘာမှလုပ်မပေး၊ ဘာလုပ်ပိုင်ခွင့်မှ မရှိရင် ဒီရွေးကောက်ပွဲကို လက်မခံဘူး။ လုပ်ပေးနိုင်မှ လုပ်ပါလို့ ပြောချင်တယ်လေ”
၈ လေးလုံးကာလတွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး
“မိုးပေါ်ထောင်မပစ်ဘူးကွ စစ်တပ် ဆိုတာ။ အင်း ဒါကြောင့်ပေါ့။ သေလိုက်တဲ့ လူတွေ။ ဆေးရုံတွေမှာ အလောင်းတွေထပ်။လမ်းပေါ်မှာလည်း အလောင်းတွေပြည့်နှက်။ ဘာလက်နှက်မှ မရှိတဲ့ ပြည်သူကို စိန်ခေါ် တာလေ။ တကယ်ကိုလေးစားထိုက်တဲ့ နိုင်ငံ့ ခေါင်းဆောင်ကြီး။ နိုင်ငံကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တယောက်က ပြောခဲ့တဲ့စကား။ သမိုင်းကိုတွင်ပါလေရော။ ဒါပေမဲ့ အမှန် တရားအတွက် လက်နက်မလိုပါဘူးဆိုပြီး ပြည်သူတွေ ကျောင်းသားတွေက နောက် မဆုတ်ခဲ့ဘူး။ သွေးမပျက်ခဲ့ဘူး။ နောက်ဆုံး သွေးပျက်သွားတာ ဘယ်သူလဲ။ အားလုံး သိကြတယ်။ ခုလည်း စစ်အာဏာရှင်စနစ်ပဲ။ သူကရော ဘာပြောလဲ။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်တဲ့။ နိုင်ငံတခုရဲ့ ခေါင်းဆောင်ဆိုတာ စကားပြောရင် ပိုသတိ ထားရတယ် ဂတိတည်ရတယ်ဆိုတာ သိပါရဲ့ လားလို့ မေးချင်တယ်။ တကယ်ဟုတ်လား ဆိုတာ စောင့်ကြည့်ရတာပေါ့”
၈ လေးလုံးကာတွင် စက်မှု ၁ ဝန်ကြီးဌာနမှ ဝန်ထမ်းတဦး
“ရှစ်လေးလုံးအရေးတော်ပုံကို မမေ့ကြ ဖို့။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးခဲ့ အာဇာနည်တွေကို မမေ့ဖို့ ပြောချင် တယ်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ မိမိလုပ်နေတဲ့ အလုပ်ကို ပြီးအောင်လုပ်ကြပါ။ ခြင်္သေ့ဆိုတာ သားကောင်ကိုလိုက်ရင် ဆင် ကိုလိုက်တုန်းက ထုတ်တဲ့အားအတိုင်းပဲ ယုန် ကိုလိုက်ချိန်မှာ မလျော့ဘူး။ အားအလျော့ ကြပါနဲ့ နောက် မဆုတ်ကြပါနဲ့။ ဆက်လုပ် ကြပါလို့ တိုက်တွန်းချင်ပါတယ်”
၈ လေးလုံးတွင် တောခိုလာသူ ကျောင်းသားတဦး
0 comments:
Post a Comment