ရောင်ခြည်ဦး၊ ၆ ရက် စက်တင်ဘာလ ၂၀၁၀
နအဖ လက်နက်ကိုင် အဖွဲ့အစည်း တွေကနေ ပြည်သူတွေကို လက်နက် အားကိုး အာဏာအားကိုးနဲ့  အနိုင်ကျင့် နေကြတဲ့ လုပ်ရပ်တွေဟာ မကြာခဏ ဆိုသလို ဖြစ်ပျက်နေတာ မကြာခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ ပဲခူးမြို့  ကျောင်းသားနှစ်ဦး သေနတ်နဲ့ အချက်ပေါင်းများစွာ ပတ်ခတ် အသတ်ခံရတဲ့ အထိ ပိုမို ဆိုးရွားစွာ ဖြစ်ပျက်နေပါတယ်။
ကျန်ခဲ့တဲ့ သြဂုတ်လအတွင်းက ဖြစ်ပျက် ခဲ့တဲ့ နအဖ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ လက်ကိုင်ဒုတ် ရဲတပ်ဖွဲ့ ကနေ မတရား ရိုက်နှက်ခဲ့တဲ့ အဖြစ်အပျက်နဲ့  နောက်ဆက်တွဲ သတင်းကို တင်ပြလိုပါတယ်။
သီရိမင်္ဂလာဈေးက ဖိနပ်ဟောင်း ရောင်းနေတဲ့ မောင်အောင်မင်းနိုင် (၂၃) နှစ်ကို သြဂုတ်လ (၂၁) ရက်နေ့ ညက အလုံရဲစခန်းက ရဲသားတွေ မူးရူးပြီး အောင်မင်းနိုင်ကို စစ်ပြေးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးပြီး အလုံ နယ်ထိန်းခမ်းမှာ တညလုံး နံပါတ်တုတ် တွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။ ဖိနပ်နဲ့လည်း ပါးကို ရိုက်ခဲ့ကြပါတယ်။
မဟုတ်မမှန် စွပ်စွဲခံရပြီး ရိုက်နှက်ခံခဲ့ရတဲ့ အောင်မင်းနိုင်ဟာ နောက်နေ့ ရဲစခန်းကနေ ပြန်လွတ်လာပြီးတဲ့နောက်မှာ ဒီမတရားမှုအတွက် အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ထံ သွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ အောင်မင်းနိုင်ရဲ့ အကူအညီတောင်းခံမှုကို အလုံမြို့နယ် အမျိုသား ဒီမိုကရေစီ အဖွဲ့ချူပ် လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလူမော်လတ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဗဟို အလုပ်အမှုဆောင်တွေထံ ဆက်လက် တင်ပြပေးခဲ့ပါတယ်။
ဒီအဖြစ်အပျက်နဲ့  ပတ်သက်ပြီး အောင်မင်းနိုင်ရဲ့  ကိစ္စကို ကူညီပေးရမလားဆိုပြီး နအဖလက်ပါးစေ ရဲတွေဘက်က အငြိုးအတေးထားနေတယ်လို့  ယူဆရတဲ့ နောက်ဆက်တွဲ အကြောင်းအရာကို ဖေါ်ပြလိုပါတယ်။
အဆိုပါ အောင်မင်းနိုင်ကို မဟုတ်မမှန်စွပ်စွဲပြီး ရိုက်နှက်ခဲ့တဲ့ကိစ္စဟာ မပြီးသေးကြောင်း သိရှိရပါတယ်။
မနေ့ က မရမ်းကုန်းမြို့ နယ်ရဲစခန်းကနေ အဆိုပါ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ စခန်းမှူးနဲ့  အောင်မင်းနိုင်ကို ပြန်ခေါ်ပြီး မေးမြန်းစစ်ဆေးကြောင်း သိရှိရပါတယ်။ မရမ်းကုန်းမြို့ နယ်မှူးကနေ အောင်မင်းနိုင်ကို မေးမြန်းရာမှာ ဖိနပ်နဲ့  ပါးရိုက်တာ ဒီ စခန်းမှူးလားလို့  မေးပါတယ်။ အောင်မင်းနိုင်က ဟုတ်တယ် သူရိုက်တာပါလို့  ဖြေပါတယ်။ အောင်မင်းနိုင် ဖြေဆိုပြီးတဲ့နောက်မှာ မြို့ နယ်မှူးက ဘာမှ ဆက်မမေးတော့ဘဲ စခန်းမှူးဘက် လှည့်ပြီး စခန်းမှူးအနေနဲ့  အောင်မင်းနိုင်ကို ဘာများ မေးချင်တာ ရှိပါသလည်းလို့  ပြောပါတယ်။
ဒီအခါမှာ စခန်းမှူးကနေ မင်းကို ကူညီတဲ့ (အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ) လူမော်လတ်ရဲ့  ဖခင်ဟာ နိုင်ငံရေးမှုနဲ့  အနှစ် (၂၀) ထောင်ကျနေတယ်ဆိုတာ မင်း သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က ဒါ ကျွန်တော့ ကိစ္စ မဟုတ်ဖူး၊ ကျွန်တော် မသိဖူးလို့  ပြန်ဖြေကြောင်း သိရှိရပါတယ်။
စခန်းမှူးကဘဲ ဆက်ပြီး မေးတာက အခုထွက်ဆိုပြောဆိုဖြေကြားတာတွေဟာ အောင်မင်းနိုင်အနေနဲ့  ကိုယ်တိုင်ထွက်ဆိုတာလား လူမော်လတ်ကနေ သင်ထားပေးလို့  ထွက်ဆိုတာလားလို့  မေးပါတယ်။ အောင်မင်းနိုင်က သူမတရားစွပ်စွဲအရိုက်ခံရ ပါးရိုက်ခံရတာတွေဟာ သူကိုယ်တိုင်ဖြစ်လို့  သူအသိဆုံးမို့  သူပြောတာ ကိုယ်တိုင်ပြောဆိုတာလို့  ပြန်ဖြေပါတယ်။
စခန်းမှူးက နောက်ထပ် ထပ်မေးတာကတော့ အဖြစ်အပျက်ဖြစ်တုန်းက လူမော်လတ်က အလုံရဲစခန်းကို လိုက်လာပြီး သူ့ အကြောင်း သိစေရမယ်လို့  ခြိမ်းခြောက်ပြောဆိုသွားတာ သိလားလို့  အောင်မင်းနိုင်ကို မေးပါတယ်။ အောင်မင်းနိုင်က မသိပါဖူးလို့  ဖြေပါတယ်။
အထက်ဖေါ်ပြပါ စစ်ဆေးမေးမြန်းချက်တွေကို သုံးသပ်ကြည့်ရင် နအဖ မရမ်းကုန်းမြို့ တယ်ရဲစခန်း မြို့ နယ်မှူးဟာ အောင်မင်းနိုင်ကို မတရားစွပ်စွဲရိုက်နှက် ပါးရိုက်ခဲ့တဲ့ စခန်းမှူးကို အရေးယူချင်လို့  မဟုတ်ဘဲ စခန်းမှူးနဲ့  အောင်မင်းနိုင်တို့  ကိစ္စကို ပြန်လည်ပြီး အသုံးပြုကာ အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးသဖြင့် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလူမော်လတ်ကို ပြသနာရှာချင်လို့  ရည်ရွယ်တာဖြစ်ကြောင်း သိသာပါတယ်။
(အောက်ဖေါ်ပြပုံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဘက်၌ မတ်တပ်ရပ်နေသူမှာ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ် ဖြစ်ပါတယ်)။
အောင်မင်းနိုင်ကို ကူညီပေးခဲ့တဲ့ အလုံမြို့ နယ် အမျိုသားဒီမိုကရေစီအဖွဲ့ ချူပ် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်ကို နအဖလက်ပါးစေတွေအနေနဲ့  ကလိမ်ကကျစ်ကျစွာ အမှုဆင်ဖန်တီးပြီး ဖမ်းဆီးတာ အငြိုးအတေးနဲ့  ညဉ်းပမ်းနှိပ်စက်တာတွေ လုပ်ခဲ့မယ်ဆိုရင် ဒါဟာ ပေါ်ပေါ်တင်တင် မတရားမှုဖြစ်လိမ့်မယ်ဆိုတာပါ။
နအဖ လက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ မတရားလည်း အနိုင်ကျင့်သေး၊ လူမဆန်စွာ ညဉ်းပမ်းရိုက်နှက်မှုလည်း လုပ်သေး၊ နောက်ဆုံး သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်သေး တရားဥပဒေဆိုတာ သူတို့ ကိုယ်တိုင် ဂရုမစိုက်ဘဲ ရမ်းကားချင်သလို ရမ်းကား စော်ကားချင်သလိုစော်ကားနေတာ မတရားခံရတဲ့ ပြည်သူတွေကသာလျှင် အပြစ်ရှိသလို သူခိုးက လူပြန်ဟစ်တယ်လို့  ပြောရတာထက် ပိုပြောသင့်နေပါတယ်။
0 comments:
Post a Comment