Monday, September 13, 2010

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင် လာသော နှစ်(၂၀/၃၀) ရှိသော သူများကို တရားဝင်နေထိုင်ခွင့် ပေးတော့မည်

ရောင်ခြည်ဦး၊ ၂ ရက် စက်တင်ဘာလ ၂၀၁၀
    ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်း နိုင်ငံအတွင်း တရားမဝင်နေထိုင်လာသော နှစ် ၂၀၊ ၃၀ ရှိသောသူများကို တရားဝင် နေထိုင်ခွင့် ပေးတော့မည်ဟု ယနေ့ဖော်ပြ လိုက်သည်။
    ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့် ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှ စဉ်းစားနေပြီဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

    ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း ၂၀၊ ၃၀ နေထိုင်လာခဲ့သည့် ရွှေ့ ပြောင်းနေထိုင်သူများအား အမြဲတမ်းနေထိုင် ခွင့် အဆင့်အတန်းနှင့်ညီမျှသော အဆင့် အတန်းတခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီဖြစ် ကြောင်း ကော်မတီအထွေထွေအတွင်းရေး မှူး ခွန်သဝီ ပလီယန်စရီက ပြောကြားလိုက် သည်။ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသော လူဦးရေ (၃) သန်း နှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄)မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်ဟု သိရသည်။


    ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေ သော သူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစားခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင်သက်သေခံအမှတ် ရှိ ကြကာ ရွှေ့ပြောင်းအလုပ်သမားများ၏ အမှတ်စဉ်မှာ (ဝ၀) ဖြင့် စတင်သည်။
    ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင် ခွင့်ရမည့်သူများသည် ပထမအဆင့် အုပ်စု တွင်ပါဝင်ပြီး လူဦးရေ (၂)သိန်းခန့်ရှိကာ ၄င်း တို့ကို ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆)ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်းကလေးသူငယ်များသည် ထိုင်း နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိမည်ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ် ကတ်ဟု လူသိများပြီး (ဝ)ဖြင့်စတင်၍ လူဦး ရေ (၅)သိန်းခန့်ရှိနေပြီး တရားဝင် အ ထောက်အထား ထုတ်ပေးထားသူများမှာ (၁) သိန်းခန့်သာရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစား မည်ဖြစ်သည်။

    တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကိုဆိုလိုပြီး ထိုင်းခရိုင် (၄) ခု တွင်ရှိသော စခန်း (၉)ခုတွင် နေထိုင်သူများ ဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက် ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်းစာနာမှုအဖြစ် ယာယီနေထိုင်ခွင့်ပေးထားမည် ဖြစ်သော် လည်း အမြဲတမ်းနေထိုင်ခွင့် ရဦးမည်မပြော ပေ။

    စတုတ္တွအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့် လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈)ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွား လာသော ကလေးသူငယ်များအား နိုင်ငံသား ဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါ ကလေးများအကြားတွင် မိဘမဲ့ ကလေးဦးရေ (၂,၉၀ဝ) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့ အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူ များသည် အစိုးရထံ အခွန်ဆောင်ရမည် ဖြစ်ပြီး နေထိုင်စဉ်ကာလအတွင်း နေထိုင်ရာ ဒေသများရှိ လုပ်သားလိုအပ်ချက်အပေါ် မူတည်၍ အလုပ်ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသား တဦးက သူမကိုင်ဆောင်ထားသော လက် မှတ်သည် နံပါတ် (၆)ဖြင့် စတင်ပြီး ရင်သွေး ငယ်မှာလည်း အလားတူဖြစ်သည်ဟု ပြော သည်။  အဆိုပါကလေးသည် ၁၉၉၅ နောက် ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့် ရရှိမည်ဖြစ်သည်။

0 comments:

Post a Comment