တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ အာဖရိက ကနေကျွန်တွေတင်သွင်းမှု အကြီးမားဆုံးလုပ်ခဲ့တဲ့ ဘရာဇီးနိုင်ငံဟာ ကျွန်စနစ်ကို တိုက်ဖျက်တဲ့ ဥပဒေအသစ်တွေနဲ့ ၂၁ရာစုရဲ့ ကျွန်ပြုမှုစနစ်သစ်ကို ရှေ့တန်းကနေ ဦးဆောင်တိုက်ဖျက်နေတဲ့ နိုင်ငံတစ်နိုင်ငံ
ဖြစ်လာသည်။ သို့သော်လည်း တောင်အမေရိကတွင် သက်တမ်းရှည်ကြာနေပြီဖြစ်သော ကျောက်မီးသွေးဖုတ်တဲ့ အလုပ်တွေမှာ
ကျွန်ကဲ့သို့ အလုပ်ခိုင်းစေမှုတွေရှိနေဆဲဖြစ်သည်။ ထိုကျောက်မီးသွေးဖုတ်သော လုပ်ငန်းအား စက်မှုကုန်ကြမ်း သံရိုင်း ထုတ်လုပ်မှုရဲ့ ပထမဆုံးအဆင့်အဖြစ် နိုင်ငံတကာ ကုမ္ပဏီများမှ အားထားမှီခိုနေရဆဲဖြစ်သည်။ ဘရာဇီးထုတ် သံရိုင်းအား
နိုင်ငံတကာ ကုမ္ပဏီများမှ သံမဏိပြုလုပ်ရာတွင်အသုံးပြုသည့် ကုန်ကြမ်းအဖြစ်အသုံးပြုကြသည်။
သို့သော် ထိုကျာက်မီးသွေးဖုတ်သော အလုပ်ကို တစ်ခါတစ်ရံ အတင်းအဓမ္မခိုင်းစေသောလုပ်သားများဖြင့် ပြုလုပ်လေ့ရှိသည်။
ထိုသူများသည် ဘရာဇီးမြောက်ပိုင်းရှိ ဆင်းရဲနွမ်းပါးသော ဒေသများမှဖြစ်ပြီး လိမ်ညာလှည့်စားခံရကာ အလုပ်စခန်းများသို့
ခေါ်ဆောင်ခံခဲ့ရသည်။ ထို့အပြင် အလုပ်ရှင်များမှ သူတို့မတတ်နိုင်သည့် ပမာဏကြွေးများပေးထားပြီး အလုပ်သမားများ အလုပ်မှ
ထွက်မသွားစေရန် ထိမ်းထားသည်။
REF: Al Jazeera
0 comments:
Post a Comment