ဘုန်းကြီး ၅ ပါးမှ ဦးဆောင်ပြီး လူ ၅၀၀ လောက်ပါသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အကျဉ်းသာများ အမြန်ဆုံးလွတ်ပေးရေးကို တောင်းဆိုသည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု မျက်မြင်သက်သေများမှ ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကတိပျက်ကွက်ခဲ့သည့် နောက်တစ်နေ့တွင် ဆန္ဒပြသူများသည် မဟာမြတ်မုနိဘုရားဝန်းတွင်းရှိ ကျောင်းဆောင်တစ်ခုထဲမှ အသံချဲ့စက်များဖြင့် ၎င်းတို့၏ တောင်းဆိုချက်များကို အများပြည်သူသိရှိစေရန် ပြောဆိုခဲ့သည်။
ဆန္ဒပြဘုန်းကြီးများသည် “လွတ်မြောက်မှု လိုချင်သည်။” “နိုင်ငံရေးအကျဉ်းသားများ လွတ်ပေး” “ပြည်တွင်းစစ် ချက်ချင်းရပ်” စသည့် စာသားများပါသည့် စာတမ်းများ ကိုင်ဆောင်ခဲ့ကြသည်။
မြန်မာ အစိုးရအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ဆန္ဒပြပွဲဖြစ်ပွာကြောင်း အတည်ပြုပြောကြားခဲ့ပြီး ထိုဘုန်းကြီးများသည် မန္တလေးမှ မဟုတ်ဘဲ ရန်ကုန်မှဖြစ်ကြောင်းနှင့် ဒေသခံ ဘုန်းကြီးများမှ ၎င်းတို့နှင့် ဆွေးနွေးပြီး ပြဿနာဖြေရှင်းရန်ကြိုးစားနေကြောင်းပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦးမှ ထိုနေရာသို့ ရဲများရောက်မလာသေးကြောင်း၊ ထို့အပြင် အခြားသော ဘုန်းကြီးများအပါအဝင် များပြားလှသော လူအုပ်ကြီးမှ ဆန္ဒပြပွဲသို့ ငြိမ်းချမ်းစွာလာရောက် နားထောင်နေကြောင်း ပြောကြားခဲ့သည်။
REF: Straitstimes.com
REF: Straitstimes.com
0 comments:
Post a Comment