Wednesday, January 04, 2012

မြန်မာရွှေ့ပြောင်းအလုပ်သမား၎ဦး ကားမှောက်သေဆုံး

၁ရက် ၁လ ၂၀၁၂ခု နံနက် ၅နာရီအချိန်လောက်တွင် နော်ကော့စဝမ်မြို့အဝင်တွင် ကားဘီးပေါက်၍ ကားမှောက်ခဲ့သဖြင့် ကားသမားအပါအဝင် မြန်မာအလုပ်သမား ၄ဦး သေဆုံးခဲ့သည်။
၎င်းကားသည် ပတ်စပို့ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုအလုပ်ရှင်များ၏ အာမခံဖြင့် ဘန်ကောက်သို့ ခေါ်ဆောင်သော ကားဖြစ်သည်။
ကားပေါ်တွင် ကားသမားနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၃ယောက်ခန့် ပါဝင်ခဲ့သည်။ ကားပေါ်တွင်လိုက်ပါလာသူများအနက် ထိခိုက်ဒါဏ်ရာရသူများအားနော်ကောစဝမ် ဆေးရုံတွင် အတွင်းလူနာအဖြစ်ထားရှိကြောင်းသိရသည်။
သေဆုံးသူများအနက် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်နေသော ကရင်တိုင်းရင်းသူမိန်းကလေးနှစ်ဦးအား ၎င်းတို့ အလုပ်ရှင်မှ အာမခံပြီး၎င်းတို့၏မိဘဆွေမျိုးများရှိရာ မဲဆောက်မြို့သို့ သယ်ဆောင်ပြီး သင်္ဂြိုဟ်ခဲ့သည်။ သေဆုံးသူ မိန်းကလေးနှစ်ဦးမှာ ညီအမဝမ်းကွဲတော်စပ်ပြီး ဘန်ကောက်မြို့တွင်အိမ်ဖော်အလုပ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့၏ မိဘဆွေမျိုးများနှင့်အတူ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ နာရေးကိစ္စအဝဝကို သွားရောက်ကူညီပေးခဲ့သည်။