အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ၂၀၁၄တွင် အာဆီယံ ဥက္ကဋ္ဌဖြစ်လာမည့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဒီမိုကရေစီရေး လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်သင့်သော ပြုပင်ပြောင်းလဲမှုများအတွက် မှန်ကန်စွာရပ်တည်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၀၆ခုနှစ်တွင် လူ့အခွင့်ရေးချိုးဖောက်မှုများပြုလုပ်ခဲ့မှုကြောင့် အာဆီယံ ဥက္ကဋ္ဌရာထူးနှင့် လွဲချော်ခဲ့ပြီးဖြစ်သည်။ သို့သော် နှစ်၂၀အတွင်းပထမဆုံးကျင်းပသည့်ရွေးကောက်ပွဲအပါအဝင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှလွှတ်ပေးခြင်းနှင့် သတင်းမီဒီယာများပေါ်ထားရှိသည့် ကန့်သတ်ထားမှု အချို့အား ဖယ်ရှားပေးခြင်းများအပြီးတွင် ၂၀၁၄ခု၌ အာဆီယံဥက္ကဋ္ဌအဖြစ်တင်မြှောက်ရန် မြန်မာနိုင်ငံအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းသည် စစ်အုပ်စုမှ ထိမ်းချုပ်ထားသည့် မြန်မာအစိုးရအတွက် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများပိုမိုလုပ်ဆောင်ရန် တွန်းအားတစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
0 comments:
Post a Comment