Tuesday, February 07, 2012

ပါကစ္စတန်ရှိ စက်ရုံပြိုကျမှုကြောင့် လူ၉ဦးသေဆုံးပြီး၊ လူ တစ်ဒါဇင် ပိတ်မိ



တနင်္လာနေ့တွင် ပါကစ္စတန်ရှိ Lahore မိုတွင် စက်ရုံပြိုကျမှုကြောင့် အမျိုးသမီး ၇ဦးနှင့် ကလေး ၂ဦးသေဆုံးပြီး ထိုအဆောက်အအုံ ပျက်ကြားတွင် လူတစ်ဒါဇင်လောက် ပိတ်မိနေကြာင်းကို အရာရှိများက ပြောခဲ့သည်။ ထိုပြိုကျခဲ့သော အဆောက်အအုံမှာ တိရိစ္ဆာန်များအတွက် ဆေးဝါးများကိုထုတ်လုပ်သော သုံးထပ်မြင့် စက်ရုံဖြစ်၍ လူနေထူထပ်သောMultan  လမ်းမတွင်ရှိပြီး တွေ့ရှိချက်များအရ ဂတ်စ်အိုးများ ပေါက်ကွဲမှုကြောင့် ထိုသို့ ပြိုကျမှုဖြစ်ခဲ့ကြောင်းဟု ယူဆကြောင်းကို ရဲအရာရှိတစ်ဦးမှပြောခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့မှလူများသည် ကွန်ကရစ်တုံးများအောက် ပိတ်မိနေသူများ၏ အော်သံများကြားရသည့် နေရာတွင် လက်ဗလာဖြင့် တူးဆွကာ ကယ်တင်ရန်အတက်နိုင်ဆုံး ကြိုးစားနေကြသည်။ ရဲအရှာရှိများက ဒီorient စက်ရုံက မှတ်ပုံတင်ခြင်းမရှိဘဲ တရားမဝင် တည်ထားသည့်အပြင် ထိုစက်ရုံနှင့် တွဲလုပ်သည့် အခြား လုပ်ငန်း ၃ခုကိုပါ လိုက်လံ ဖမ်းဆီးနေသည်။

0 comments:

Post a Comment