ယခုလာမည့် ရွေးကောက်ပွဲအတွက် နှစ်နှစ်ဆယ် အတွင်း ပထဦးဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ဧရာဝတီဒေသသို့ တရားဝင် အမတ်လောင်းတစ်ဦးအဖြစ် သွားရောက်မည် ဖြစ်ကြောင်းသိသည်။ ရန်ကုန်မှ ဧရာဝတီတိုင်းသို့ သွားသည့် ၄နာရီကြာ ကားလမ်းတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းအား လူထုကြီးမှ တခဲနက်ကြိုဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက နှင်းဆီပန်းများ ကြဲပက်ကာ နှုတ်ဆက်ခဲ့ပြီး “အမေစုကို ကျွန်ုပ်တို့ ချစ်တယ်” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကား ခေါင်မိုး ပေါက်မှ မတ်တပ်ရပ်ကာ ထောက်ခံသူများကို အပြုံးဖြင့် ပြန်လည်နှုတ်ဆက်ခဲ့သည်။ နိုင်ငံရေးလောကထဲသို့ ဒေါ်အောင်ဆန်းစုကြည် တကြော့ပြန်ဝင်လာခြင်းသည် လွန်ခဲ့သောနှစ်က အာဏာရလာခဲ့သော အရပ်သားအစိုးရအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စမ်းသပ်မှု တစ်ခုပင်ဖြစ်သည်။
REF: Straits Times
0 comments:
Post a Comment