ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့ရှိ ဗထူးအားကစားကွင်းတွင် စည်းရုံးဟောပြောရန် ခွင့်ပြုချက်မရသေးသောကြောင့် ခရီးစဉ်အား ခဏရပ်ဆိုင်းထားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ ပြောကြားချက်အရ ယခုအပတ်ကုန်လောက် သွားဖြစ်ဖို့ စီစဉ်ထားပြီးမှ ပျက်သွားကြောင့်နှင့် ထိုခရီးစဉ်အား ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင့် သိရသည်။ ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ခွင့်ပြုချက်မရခြင်းသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု လုပ်ပြချက်များအတွက် နှောင့်အယှက်တစ်ခုဖြစ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီမှ ကိုယ်စားလှယ်လောင်း များနှင့် အတူ လာမည့် အေပြီလ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါလီမန်နေရာ ၄၈ ခုအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
Saturday, February 04, 2012
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်ရွေ့ဆိုင်း
Saturday, February 04, 2012
No comments
0 comments:
Post a Comment