ထိုင်းနိုင်ငံပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်သောသတင်းအရ ယနေ့ပြု လုပ်သည့်ထိုင်းနိုင်ငံဝန်ကြီးများ အစည်းအဝေးမှ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များနှင့် မှတ်ပုံတင်ထား ၍နိုင်ငံသား စိစစ်ရန်ကျန်ရှိနေသော ရွှေ့ပြောင်းအလုပ် သမားအားလုံးတို့အား ၂၀၁၂ခု၊ ဇွန်လ (၁၄) ရက်နောက် ဆုံးထား၍ နိုင်ငံသားစိစစ်မှုများပြုလုပ်ရန် သဘောတူဆုံးဖြတ် ချက်ချ လိုက်ကြောင်းဖေါ်ပြထားပါသည်။ ၄င်းရွှေ့ပြောင်းအလုပ်သမားအားလုံးတွင် လာမည့် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့နှင့်ဇွန်လ (၁၄)ရက်နေ့တွင် အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးမည့် အလုပ်သမား အားလုံးပါရှိပါသည်။ (အသေးစိတ်အချက် အလက်အတွက် ၀န်ကြီးများအဖွဲ့၏ဆုံးဖြတ် ချက်မှတ်တမ်းကို ဆက်လက်လေ့လာရန်လိုအပ်ပါသည်)
ယမန်နေ့ထုတ် ထိုင်းရတ်ထိုင်းသတင်းဌာနမှ
ရွှေ့ပြောင်း အလုပ်သမားများနှင့် ပါတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများ ကြီးကြပ်ရေးကော်မတီ
(Migrant
Labour Management Committee) မှသဘော တူညီပြီးဖြစ်သော
နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အား လာမည့် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်
၂၀၁၂ ခုနှစ်ထိ သက်တမ်းတိုးပေးရန်အပါအ၀င် အဓိကအချက်ကြီး (၄)ချက်ကို ထိုင်းနိုင်ငံဝန်ကြီးများအစည်းအဝေး တွင်ဆုံးဖြတ်ချက်ချ
နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ တင်သွင်း သွားမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
တင်သွင်းမည့် အဓိကအချက်ကြီး (၄)ချက်တွင် -
- ယာယီပတ်စပို့ (သို့) CI ဟုခေါ်သောနေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်အလုပ်လုပ်နေသူများ လူမှုဖူလှုံရေးအာမခံပိုမိုဝင်ရောက်နိုင်ရန်၊
- နိုင်ငံသားစိစစ်ရေးအောင်မြင်ပြီးသောအလုပ်သမားများနှင့် (MOU) ဖြင့်ဝင်ရောက်အလုပ်လုပ်ကိုင် မည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ဝင်ခွင့်ဗီဇာခနှင့် (၂)နှစ် ဗီဇာသက်တမ်းတိုးခများကိုလည်း ဘတ် (၂၀၀၀)မှ (၅၀၀)ဘတ်အထိလျော့ချ၍ ကောက်ခံသွားရန်
- နေရပ်ပြန်လည်ပို့ဆောင် ရန်ကောက်ခံငွေအားဆက်လက်၍(၁)နှစ်ဆိုင်းငံ့ထားရန်
- ၄င်းနောက်ပိုင်း တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများနှင့်၎င်း တို့အားလက်ခံထား သူအလုပ်ရှင်များအားတရားဥပဒေအရ ထိရောက်စွာအရေးယူသွားရန်၊ တို့ ပါဝင် ပါသည်။
ဝန်ကြီးများအဖွဲ့အစည်းအဝေးမှထုတ်ပြန်သော
အသေးစိတ်အကြောင်းအရာများနှင့် အခြားသောထူးခြား ချက်များအား ဆက်လက်အကြောင်းကြားအသိပေးသွားပါမည်။
MRPWG
networkမှ သတင်းရယူပါသည်။
0 comments:
Post a Comment