ထိုင်းနိုင်ငံမှာအခုလကုန်ပိုင်းအလုပ်လုပ်ခွင့် သက်တမ်းကုန်ုတော့မယ့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံသား အလုပ်သမားတွေကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ချက်နဲ့ သက်တမ်း ၄ လ တိုးပေးဖို့ ရှိကြောင်း သိရပါတယ်။ အလုပ်လုပ်ခွင့် သက်တမ်းကုန်တော့မယ့် အဲဒီအလုပ်သမားတွေထဲက ၁ သိန်းကျော်ဟာ သက်ဆိုင်ရာနိုင်ငံတွေက ယာယီနိုင်ငံကူး လက်မှတ်တွေ မရသေးတဲ့ လူတွေဖြစ်ကြပါတယ်။ သူတို့ကို ယာယီနိုင်ငံ ကူးလက်မှတ် မရသေးတဲ့ ကာလအကြား အလုပ်သမားလက်မှတ်ကို ဇွန်လ ၁၄ ရက်နေ့အထိ သက်တမ်းတိုးပေးဖို့ ရှိတယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ရှင်းပြပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်မထားတဲ့ သူတွေကိုတော့ သက်တမ်းတိုပေးမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ အခုအချိန်ထိတော့ ယာယီနိုင်ငံကူးလက်မှတ်ရထားတဲ့ အလုပ်သမား ၇ သိန်းကျော် ရှိပြီလို့ ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။မြန်မာအလုပ်သမားတွေကိုနိုင်ငံသားစိစစ်ပြီး
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့်ရုံးတွေကို ဘန်ကောက်၊ ချင်းမိုင် အပါအ၀င် နေရာ ၅နေရာမှာ အခုလကုန်ပိုင်း ရုံးဖွင့်ပြီး၊ လုပ်ပေးနိုင်မှာဖြစ်လို့ သက်တမ်း တိုးပေးထားတဲ့ ၄ လ အတွင်းမှာ အလုပ်သမား အားလုံးကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်မယ်လို့လည်း ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပြောသွားပါတယ်။
0 comments:
Post a Comment