ဗုဒ္ဓဟူးနေ့ကမြန်မာနိုင်ငံ၏
ထိပ်တန်းပါလီမန်အမတ်တစ်ဦးဖြစ်သော သူရရွှေမန်း မှ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များသည်
နှေးကွေးပြီး ကျေနပ်ဖွယ်ရာမရှိဟု ထုတ်ဖော်ပြောကြားခဲ့၍ ပြည်သူများ၏ အကျိုးစီးပွားအတွက်
ပိုမို လျှင်မြန်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။ လူမှုရေးဝန်ဆောင်မှုများအတွက်
လစာတိုးမြှင့်ပေးရေး ဥပဒေကြမ်းအား သမ္မတဦးသိန်းစိန်မှ ပယ်ချမှုအပေါ် သူရရွှေမန်းမှ ဝေဖန်ကန့်ကွက်ခဲ့ပြီး
အခြားသော နောက်ဆက် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပါက ပိုမို၍ အချိန်ကြာမြင့်နိုင်ကြောင်း
ပြောကြားခဲ့သည်။ ‘ရှေ့ကနေဦးစီးဦးဆောင်လုပ်ရမယ့်လူက ဘာမှမလုပ်တော့ နောက်က တွန်းအားပေးရမယ့်သူတွေကပဲ
အဓိကထား တွန်းအား ပေးရတာပေါ့။ ဒီနှုန်းအတိုင်း ဆက်သွားနေလို့ကတော့ လက်ရှိဥပဒေတွေကို
စစ်ဆေးပြုပြင်ဖို့နဲ့ ဥပဒေသစ်တွေ ပြင်ဆင်ရေးသားဖို့က လက်ရှိ ပါလီမန်သက်တမ်းမှာ ဖြစ်တော့မှာ
မဟုတ်ဘူး’ ဟု စစ်ဗိုလ်ချုပ်ဟောင်း သူရရွှေမန်းမှ သတင်းထောက်များ
ရှေ့တွင် ပြောကြားသွားခဲ့သည်။
REF: REUTERS
0 comments:
Post a Comment