Friday, February 24, 2012

ထိုင်းနိုင်ငံရှိ အုန်းပြန် မြန်မာဒုက္ခသည်စခန်းမီး အကြီးအကျယ်လောင်

ဒေသခံလူကြီးတစ်ဦးပြောပြချက်အရ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံရှိ အကြီဆုံး မြန်မာဒုက္ခစခန်းတစ်ခုဖြစ်သော အုံးပြန့်ဒုက္ခသည်စခန်းတွင် မီးအကြီးအကျယ်လောင်ခဲ့ရာ အိမ်ပေါင်းရာနှင့်ချီပြီး ပျက်စီးခဲ့သည်ဟုသိရသည်။ တက်ခရိုင်အရှေ့ပိုင်း ဖုဖ္ဖရဒေသ၏ ခရိုင်ဝန် Poth Ruwaranan က “ မီးက နေ့လည်ခင်းလောက်က စတင်လောင်တာ၊ ပြီးတော့ အိမ်ခြေထောင် ကျော်ရှိတဲ့ အုန်းပြန့် ဒုက္ခသည်စခန်း အနီး ဝန်းကျင် ကို ချက်ချင်းဆိုသလိုပဲ မီးတွေ ပျံ့သွားတာ” လို့ ပြောခဲ့ပါတယ်။ Mr Pothက လက်ရှိ မီးလောင်ပြီး သေဆုံးသူတွေ မတွေ့ရှိသေးကြောင်း ပြောကြားသော်လည်း နယ်စပ်ဒေသများတွင် အစားအစာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့နေသော TBBC မှ Sally Thompson က ကလေးအချို့ မီးလောင်ခံရသည်ဟု ကြားမိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သူမက ဆက်လက်၍ ‘မီးက တော်တော်ကြီးတယ်။ ထိန်းလို့လည်း မရဘူး’ ဟု ပြောကြားခဲ့သည်။

REF:AFP

0 comments:

Post a Comment