Friday, March 16, 2012

ဟပ်ကြီးနဲ့ ၀ဲကြီးဒေသက မြန်မာနဲ့ ထိုင်းလူမျိုး ၄၀၀ ခန့် သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ကန့်ကွက်ဆန္ဒပြ


မကြာခင်မှာ တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံမှ ကုမ္ပဏီကြီး ၄ ခုက သံလွင်မြစ်ပေါ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန် တဲ့ ရေအားလျှပ်စစ်စီမံကိန်း အတွက် ရေကာ တာကြီးတွေ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ အဲသလို ရေကာတာကြီးတွေ တည်ဆောက်တဲ့အခါ လူနေကျေးရွာပေါင်း ၄၀ ကျော်နဲ့ လူဦးရေ ၁၀,၀၀၀ ကျော် အတိဒုက္ခရောက်ပြီး ဥယျာဉ်ခြံမြေတွေနဲ့ သဘာ ၀တောတောင်ရေမြေတွေ ပျက်စီးမှာဖြစ်တဲ့ အတွက် ဒေသခံအချို့နဲ့ လှုပ်ရှားတက်ကြွသူတွေက မနေ့က ကျရောက်တဲ့ နိုင်ငံတကာမြစ်ချောင်း များအတွက် လှုပ်ရှားဆောင်ရွက်တဲ့နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာတွေအလိုက် ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။

ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ KRW အပါအ၀င် တိုင်းရင်းသားမြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ ၁၆ ဖွဲ့ကနေ ကမကထပြုပြီး သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ပါဝင်တဲ့ ဟပ်ကြီးနဲ့ ၀ဲကြီးဒေသက မြန်မာနဲ့ ထိုင်းလူမျိုး ၄၀၀ လောက်ကနေ စီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆိုခဲ့ကြတာပါ။

ဒီစီမံကိန်းအတွက် တရုတ်နိုင်ငံက Three Gorges Corp ကော်ပိုရေးရှင်း၊ Chana Southern Poewr Grid Co ကုမ္ပဏီ၊ ထိုင်းနိုင်ငံက ထိုင်းလျှစ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင် (EGAT) နဲ့ မြန်မာနိုင်ငံက International Group of Enterpreneur Co ကုမ္ပဏီတို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ စတင်ခဲ့ရာမှာ နယ်မြေအအေးချမ်းမှုများနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ခေတ္တရပ်ဆိုင်းထားတာဖြစ်ပြီး မကြာခင်မှာ လုပ်ငန်းပြန်လည်ပတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တိဘက်ကုန်းမြေမြင့်ကနေ မြစ်ဖျားခံလာတဲ့ သံလွင်မြစ်ဟာ မိုင် ၁၇၄၀ ရှည်လျှားပြီး ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အက်ဒမန်ပယ်လယ်ထဲကို စီးဝင်တဲ့မြစ် ဖြစ်ပါတယ်။

0 comments:

Post a Comment