Wednesday, April 04, 2012

ရွှေ့ပြောင်းအလုပ်သမားဆိုတာ တန်ဖိုးမဲ့ သလား

မြန်မာပြည်မှာ ဘဝအသက်ရှင် နေထိုင်ရေးအတွက်လုပ်စားကိုင် စားသောက် ရတာ အဆင်မပြေလို့ ထိုင်းနိုင်ငံမဲဆောက် မြို့ကို ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ကြတဲ့ အခါ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမား တွေဒုက္ခအမျိုးမျိုး ကြုံတွေ့နေရတာကို  တွေ့ရပါတယ် ။ အခုလည်း တစ်ရွာမပြောင်းသူ ကောင်းမဖြစ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း မဲဆောက်ကို အလုပ်လုပ်ဖို့ရောက်လာပြီးမှ ဒုက္ခတွေ ကြုံတွေ့ခဲ့ရပြီး လက်ရှိရောင်ခြည်ဦးမှာ ခဏလာရောက်ခိုလှုံနေတဲ့  လင်မယား နှစ်ယောက်ကို ကျနော်တို့ ရောင်ခြည်ဦးအဖွဲ့ သားများကနေ မေးမြန်းခဲ့ပါတယ်။  ကျနော် တို့သွားရောက်မေးမြန်းခဲ့တဲ့ လင်မယားက မြန်မာပြည် ပဲခူးတိုင်း ပိန္ဒဲကုန်း ကလာရောက် အလုပ်လုပ်ကိုင်ကြတာဖြစ်ပြီး မဲဆောက်ကို ရောက်တာ သိပ်မကြာသေးဘူး လို့သိရပါတယ်။ အဲဒီ အမျိုးသမီးက အသက် ၃၄နှစ်ရှိသူဖြစ်ပါတယ်။ အမျိုးသားက တော့အသက် ၃၉ နှစ်ရှိသူဖြစ်ပါတယ်။ သူတို့ကို မဲဆောက်မှာ အလုပ် လာလုပ်ဖို့ ခေါ်လာခဲ့သူက သူတို့ရဲ့ သူငယ်ချင်း ဆိုသူဖြစ်ပါတယ်။ မဲဆောက်ရောက်တဲ့အခါ မှာ လင်မယားနှစ်ယောက်က မဲ့ကူကင်းဆိုတဲ့နေရာ မှာနေကြပါတယ်။ သူတို့သုံးယောက်လုံးက ကရင်ကျောက်ခေတ်ရွာကို သွားပြီးခုတ်ပြီး သားကြံတွေကို ကားပေါ်တင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ကြပါတယ်။ လခအနေနဲ့မဟုတ် ပဲ ကြံတစ်တန်ကို ၅ဝ ဘတ်သာရသူတွေ ဖြစ် ပါတယ်။ ၁၆.၂.၂ဝ၁၂ ရက်နေ့မှာ သူတို့ နေတဲ့ မဲ့ကူကင်းကိုပြန်ဖို့အတွက် သူတို့ ကြံတင်တဲ့ကားကိုပဲ ကားကြုံစီးပြီး ပြန်လာခဲ့ကြ ပါတယ်။ အိမ်အပြန်လမ်းမှာပဲ ကြံတန် ပေါင်း ၁၃ တန်လောက်တင်ထားတဲ့ကားက  တပ် ဂိတ် (ခွေးနံရှု) အရောက်လမ်းကွေ့မှာ ကား အရှိန်မထိမ်းနိုင်ပဲ တိမ်းမှောက်သွားခဲ့ပါတယ်။ အဲဒီကြံတွေတင်ထားတဲ့ကား မောင်းသူက ကိုကရင်လို့အမည်တွင်တဲ့ ထိုင်းကရင် လူမျိုး ဖြစ်ပြီး အရက်နည်းနည်းမူးနေ တယ်လို့သိရပါ တယ်။ အဲဒီကားပေါ်မှာ သူတို့သူငယ်ချင်းသုံး ယောက်နဲ့ ကားသမားတို့ အတူစီးလာကြ တာပါ။ ကားမှောက်သွားတဲ့အခါ အမျိုးသမီး ဖြစ်သူက ဖနောင့်အကြောမှာ ဒဏ်ရာရသွားပြီး ၄ချက်ချုပ် ရပါတယ်။ အမျိုးသားဖြစ်သူ ကတော့ သူ့ရဲ့ဘယ်ဘက်ခြေထောက် ၂ နာရီလောက် ကားအောက်ပိမိနေလို့ ကြေမွ သွားခဲ့ပြီး မဲဆောက်ဆေးရုံကို ရောက်တဲ့ အခါ ခြေထောက်ကို ဒူးခေါင်းနားကနေ ဖြတ်ပစ်လိုက်ရပါတယ်။ ၁၇.၂.၂ဝ၁၂ ရက် မှာတော့ သူဌေးချွေးမဆိုတဲ့သူ ဆေးရုံကို ရောက်လာပြီး အမျိုးသမီးဖြစ်သူကို စားချင်တာ စားလို့ရအောင်ဆိုပြီး ဘတ်ငွေ ၅ဝဝ ပေးသွားခဲ့ပါတယ်။ နောက်ထပ် ဆေးရုံက ဆင်းတဲ့အထိ ဘာအကူအညီမှ ထပ်မပေးတော့ပါဘူး ။ လူတစ်ယောက် ခြေထောက်ပြတ်သွားတာတောင် ဘတ် ၅၀၀ ပဲ အကူအညီ ရခဲ့တဲ့အတွက် ကျနော်တို့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေဆိုတာ အဲဒီလောက်တောင် တန်ဖိုးမဲ့ရသလား ဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။
၁၈.၂.၂ဝ၁၂ ရက်မှာတော့ အမျိုးသမီးဖြစ်သူဟာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးကို ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားဖြစ်သူ ကတော့ ခြေထောက်ပြတ်သွားတဲ့ ဒဏ်ရာကြောင့် မဲဆောက်ဆေးရုံကြီး ပေါ်မှာ ၁ လနီးပါးလောက် ဆေးကုသမှုကို ခံယူခဲ့ရပြီး ၁၃.၃.၂၀၁၂ ရက်မှာတော့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးကို ရောက်လာရှိခဲ့ပါတယ်။
အခုလို ဖြစ်ရပ်မျိုးတွေက မဲဆောက်ရဲ့ အမှတ်သင်္ကေတလို့ တောင် ပြောလို့ရနေတဲ့ ထိုင်းအလုပ်ရှင်တွေရဲ့ လုပ်ရပ်တွေ ထဲကတစ်ချို့ ပဲဖြစ်ပါသည်။
သီဟ

0 comments:

Post a Comment