Thursday, April 05, 2012

မြန်မာအစိုးရကို ပိတ်ဆို့ဒဏ်ခတ်မှုများ အမေရိကန်မှ ရုပ်သိမ်း

မြန်မာအစိုးရကို ဒဏ်ခတ်ပိတ်ဆို့ထားမှု တချို့ကို အမေရိကန် အစိုးရကရုပ်သိမ်းပေးလိုက်ပါပြီ။ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း မြန်မာအစိုးရရဲ့ လုပ်ဆောင်ပုံတွေကို ကြည့်ပြီး တဆင့်ချင်းရုပ်သိမ်းပေးသွားဖို့ ရှိတယ်လို့အမေရိကန် နိုင်ငံခြားရေး ဟီလာရီကလင်တန်က ကြေညာသွားပါတယ်။
မြန်မာနိုင်ငံထဲက ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို ဆက်စောင့်ကြည့်နေမှာဖြစ်ပြီး အထဲမှာကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွတ်လာရေး လက်ရှိပြန်လွတ် လာတဲ့ နိုင်ငံရေးအကျည်းသားတွေရဲ့ ကျန်ရှိသေးတဲ့ ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးဖို့ အပါအဝင် တခြား လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ
တိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ပြောပါတယ်။
နောက်တခါအထဲမှာစီဗီးလဆိုဆိုင်ယက်တီခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေ ပေါ်လာဖို့ကိုတွန်းအားပေးမှာ ဖြစ်သလို မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတိုကစစ်ဘက် ဆက်ဆံရေး ဖြတ်ဖို့ကို ဆက်လက်တွန်းအား ပေးသွားမယ်လို့ ဟီလာရီ ကလင်တန်က ကြေညာသွားပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှု အတော်များများကို ပြန်ရုပ်သိမ်းလိုက်ပြီ ဆိုပေမယ့် အခု သမိုင်းဝင်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ သူ့အခေါ် မှားယွင်းတဲ့ဘက်ကို ရောက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ထားထားမယ်လို့ ဟီလာရီကလင်တန် ကပြောသွားပါတယ်။





0 comments:

Post a Comment